မိက္ခာ 6:8-14 Common Language Bible (BCL)

8. ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​သော​အ​ရာ​ကို ပြ​တော်​မူ​ပြီ။ ကိုယ်​တော်​အ​လို​ရှိ​တော်​မူ သော​အ​ရာ​ကို​ဖော်​ပြ​တော်​မူ​ခဲ့​ပြီ။ ကိုယ် တော်​အ​လို​ရှိ​သော​အ​ရာ​သည်​ကား​တ​ရား မျှ​တ​စွာ​ပြု​ကျင့်​ခြင်း၊ မေတ္တာ​က​ရု​ဏာ​ထား ရှိ​ခြင်း၊ စိတ်​နှိမ့်​ချ​စွာ​သင်​၏​ဘု​ရား​သ​ခင် နှင့်​အ​တူ​သွား​လာ​နေ​ထိုင်​ခြင်း​တို့​ဖြစ် သ​တည်း။

9. ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​သည် ပညာ​ရှိ​၏။ ကိုယ်​တော်​သည်​မြို့​ကို​ဤ​သို့​ဆင့် ဆို​တော်​မူ​၏။ ``မြို့​ထဲ​ရှိ​လူ​ပ​ရိ​သတ် အ​ပေါင်း​တို့၊ နာ​ခံ​ကြ​လော့၊-

10. ဆိုး​သွမ်း​သော​သူ​တို့​၏​အိမ်​များ​တွင်​မ​တ ရား​သ​ဖြင့် ရ​ရှိ​ထား​သော​ဥစ္စာ​ပစ္စည်း​များ ရှိ​၏။ သူ​တို့​သည်​မ​မှန်​ကန်​သည့်​အ​ခြင် အ​တွယ်​တို့​ကို​သုံး​ကြ​၏။ ထို​မ​မှန်​ကန် သည့်​အ​ခြင်​အ​တွယ်​တို့​ကို​ငါ​ရွံ​ရှာ​၏။-

11. မ​မှန်​ကန်​သော​အ​လေး​ချိန်​ခွင်​ကို​သုံး​စွဲ သူ​တို့​အား ငါ​သည်​မည်​ကဲ့​သို့​အ​ပြစ်​လွှတ် နိုင်​မည်​နည်း။-

12. ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​တို့​သည်​ဆင်း​ရဲ​သား တို့​အ​ပေါ်​တွင်​ခေါင်း​ပုံ​ဖြတ်​ကြ​၏။ သင်​တို့ အ​ပေါင်း​သည်​လူ​လိမ်​များ​ဖြစ်​ကြ​၏။-

13. သို့​ဖြစ်​၍​သင်​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​များ ကြောင့် ငါ​သည်​ယ​ခု​သင်​တို့​အား​ဒဏ်​ခတ်​၍ ပျက်​သုဉ်း​စေ​မည်။ လိမ်​လည်​သော​စ​ကား​ကို ပြော​ဆို​ကြ​၏။-

14. သင်​တို့​သည်​အ​စား​အ​စာ​ကို​စား​သော်​လည်း တင်း​တိမ်​မှု​မ​ရှိ။ ဆာ​လောင်​မြဲ​ဆာ​လောင်​လျက် ရှိ​နေ​မည်။ သင်​တို့​ရ​ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​စု​ဆောင်း​ထား​နိုင်​လိမ့်​မည်​မ​ဟုတ်။ စု​ဆောင်း​ထား​သော​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​သည်​စစ်​ဘေး​ဒဏ်​ဖြင့်​ဖျက်​ဆီး​ပစ်​မည်။-

မိက္ခာ 6