3. ရပ်ဝေးရပ်နီးမှအင်အားကြီးသောနိုင်ငံ များ၏အငြင်းပွားမှုများကိုအဆုံးအဖြတ်ပေး တော်မူမည်။သူတို့သည်မိမိတို့၏ဋ္ဌားသွားများကိုထွန်သွား အဖြစ်သို့လည်းကောင်း၊လှံများကိုတံစဉ်များအဖြစ်သို့ထုလုပ် ကြလိမ့်မည်။နိုင်ငံအချင်းချင်းနောက်တစ်ဖန်စစ်တိုက် ကြတော့မည်မဟုတ်။စစ်တိုက်ရန်ပြင်ဆင်မှုကိုလည်းနောက်တစ်ဖန် ပြုလုပ်ကြတော့မည်မဟုတ်။
4. လူတိုင်းပင်မိမိတို့၏စပျစ်ဥယျာဉ်၊မိမိတို့၏ သဖန်းခြံထဲ၌မကြောက်လန့်ရဘဲ၊အေးချမ်းသာယာစွာနေထိုင်ရလိမ့်မည်။ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်မြွက်တော်မူသောကတိတော်ဖြစ်သတည်း။
5. လူမျိုးအသီးသီးတို့သည်မိမိတို့၏ဘုရား များကိုကိုးကွယ်နာခံကြမည်ဖြစ်သော်လည်း ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကို ကာလအစဉ်အဆက်ကိုးကွယ် နာခံမည်။
6. ထာဝရဘုရားက``ငါဒဏ်ခတ်သူ၊ ပြည်နှင် ဒဏ်ခံရသူတို့ကို ငါပြန်လည်စုရုံးစေ သောအချိန်ကားကျရောက်ခါနီးပြီ။-
7. သူတို့သည်ခြေဆွံ့လျက်နေအိမ်မှရပ်ဝေး သို့ရောက်ရှိနေကြ၏။ သို့ရာတွင်ငါသည် မသေဘဲကျန်ကြွင်းနေသေးသူတို့အား အင်အားကြီးသောလူမျိုးဖြစ်လာစေမည်။ ငါသည်ဇိအုန်တောင်ပေါ်မှာသူတို့အား ယခုမှစ၍ကာလအစဉ်အဆက်အုပ် စိုးတော်မူမည်'' ဟုမိန့်တော်မူ၏။