မိက္ခာ 2:1-3 Common Language Bible (BCL)

1. အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​လျက် မ​ကောင်း​မှု ကို​ကြံ​စည်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​အ​ခွင့် ရ​လျှင်​ရ​ခြင်း မိ​မိ​တို့​ကြံ​စည်​သည့်​မ​ကောင်း မှု​ကို​ပြု​လုပ်​တတ်​ကြ​၏။-

2. သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ကို​ဖြစ်​စေ၊ လယ်​ယာ​ကို​ဖြစ်​စေ၊ တပ်​မက်​လာ​လျှင်​အ​နိုင် အ​ထက်​သိမ်း​ယူ​တတ်​ကြ​သည်။ မည်​သူ​၏​အိုး အိမ်​နှင့်​အ​မွေ​ပစ္စည်း​ဟူ​သ​မျှ​လုံ​ခြုံ​သည် ဟူ​၍​မ​ရှိ။

3. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ဘေး ဒုက္ခ​ရောက်​စေ​ရန်​ငါ​စီ​ရင်​မည်။ ထို​ဘေး​ဒုက္ခ မှ​သင်​တို့​လွတ်​မြောက်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​မောက်​မာ​ကြွား​ဝါ နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-

မိက္ခာ 2