4. ထိုအခါ၌ယုဒပြည်သူများနှင့်ယေရုရှ လင်မြို့သားတို့ထာဝရဘုရား၏ထံတော် သို့ ယူဆောင်လာသည့်ပူဇော်သကာများသည် ရှေးကာလမှာကဲ့သို့ပင်ထာဝရဘုရား နှစ်သက်တော်မူဖွယ်ရာဖြစ်လိမ့်မည်။
5. ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
6. ``ငါသည်ထာဝရဘုရားဖြစ်တော်မူ၍ ပြောင်းလဲတော်မမူ။ ထိုကြောင့်ယာကုပ်၏ သားမြေးဖြစ်သူသင်တို့သည်လုံးဝ ဆုံးရှုံးမှုမဖြစ်ကြသေးပေ။-
7. သင်တို့သည်မိမိတို့၏ဘိုးဘေးများနည်း တူ ငါ၏ပညတ်တော်တို့ကိုမစောင့်ထိန်း ဘဲလွှဲရှောင်လျက်နေခဲ့ကြလေပြီ။ သင် တို့သည်ငါ့ထံသို့ပြန်လာကြလော့။ ငါ သည်လည်းသင်တို့ထံသို့ပြန်လာမည်။'' ``သို့ ရာတွင်သင်တို့က`အထံတော်သို့ပြန်လာ နိုင်ရန်ကျွန်တော်မျိုးတို့အဘယ်သို့ပြုရ ကြပါမည်နည်း' ဟုမေးလျှောက်ကြ၏။-
8. လူသည်ဘုရားသခင်ကိုလိမ်လည်လှည့်စား အပ်ပါသလောဟု သင်တို့အားငါမေးပါ ၏။ ဤသို့မပြုအပ်သော်လည်းသင်တို့သည် ငါ့အားလိမ်လည်လှည့်စားလျက်နေပေ သည်။ သင်တို့က`ကျွန်တော်မျိုးတို့သည် အဘယ်သို့လိမ်လည်လှည့်စားကြပါ သနည်း' ဟုဆိုပါမူဆယ်ဖို့တစ်ဖို့အလှူ နှင့်ပူဇော်သကာများဆက်သမျှဟူ၍ ဖြေရပေမည်။-