3. ကိုယ်တော်သည်ချေးညှော်ကင်းစင်စေရန်ငွေ ကိုချွတ်သောသူကဲ့သို့ကြွလာ၍ တရား စီရင်တော်မူလိမ့်မည်။ ရွှေထည်ငွေထည်အလုပ် သမားသည်ရွှေနှင့်ငွေကိုချွတ်သကဲ့သို့ ထာဝရ ဘုရား၏ကောင်းကင်တမန်သည်လေဝိယဇ် ပုရောဟိတ်တို့အားသန့်စင်အောင်ပြုလိမ့်မည်။ ယင်းသို့ပြုရသည့်အကြောင်းမှာယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရားထံတော်သို့ လျောက်ပတ်သည့်ပူဇော်သကာများကို ယူဆောင်လာနိုင်ကြစေရန်ဖြစ်ပေသည်။-
4. ထိုအခါ၌ယုဒပြည်သူများနှင့်ယေရုရှ လင်မြို့သားတို့ထာဝရဘုရား၏ထံတော် သို့ ယူဆောင်လာသည့်ပူဇော်သကာများသည် ရှေးကာလမှာကဲ့သို့ပင်ထာဝရဘုရား နှစ်သက်တော်မူဖွယ်ရာဖြစ်လိမ့်မည်။
5. ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။