မာ​လ​ခိ 3:1-3 Common Language Bible (BCL)

1. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မိ​မိ​၏​တ​မန်​တော်​ကို​စေ​လွှတ်​၍ ငါ့ အ​ဖို့​လမ်း​ခ​ရီး​ကို​ပြင်​ဆင်​စေ​မည်။ ထို နောက်​သင်​တို့​စောင့်​မျှော်​နေ​သော​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​ဗိ​မာန်​တော်​သို့​ကြွ​လာ တော်​မူ​လိမ့်​မည်။ သင်​တို့​စောင့်​မျှော်​နေ​သော တ​မန်​တော်​သည်​လာ​၍ ငါ​၏​ပ​ဋိ​ညာဉ်​တော် ကို​ဖော်​ပြ​ကြေ​ညာ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

2. သို့​ရာ​တွင်​အ​ဘယ်​သူ​သည်​ကိုယ်​တော်​ရှင်​ကြွ လာ​တော်​မူ​မည့်​နေ့​ရက်​ကာ​လ​ကို​တိမ်း​ရှောင် နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​ပေါ်​ထွန်း​တော် မူ​ရာ​ကာ​လ​၌​အ​ဘယ်​သူ​သည်​ကျန်​ရစ်​လိမ့် မည်​နည်း။ ကိုယ်​တော်​သည်​အ​စွမ်း​ထက်​သည့် ဆပ်​ပြာ​နှင့်​လည်း​ကောင်း၊ သတ္တု​ချွတ်​သည့် မီး​နှင့်​လည်း​ကောင်း​တူ​လိမ့်​မည်။-

3. ကိုယ်​တော်​သည်​ချေး​ညှော်​ကင်း​စင်​စေ​ရန်​ငွေ ကို​ချွတ်​သော​သူ​ကဲ့​သို့​ကြွ​လာ​၍ တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။ ရွှေ​ထည်​ငွေ​ထည်​အ​လုပ် သ​မား​သည်​ရွှေ​နှင့်​ငွေ​ကို​ချွတ်​သ​ကဲ့​သို့ ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​လေ​ဝိ​ယဇ် ပု​ရော​ဟိတ်​တို့​အား​သန့်​စင်​အောင်​ပြု​လိမ့်​မည်။ ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ လျောက်​ပတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို ယူ​ဆောင်​လာ​နိုင်​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။-

မာ​လ​ခိ 3