မာ​လ​ခိ 1:13-14 Common Language Bible (BCL)

13. သင်​တို့​က`ဤ​အ​မှု​များ​ပြု​ရ​သည်​ကို​ငါ တို့​ငြီး​ငွေ့​လှ​ပါ​ပြီ' ဟု​ဆို​ကာ​နှာ​ခေါင်း ရှုတ်​၍​ငါ့​အား​မ​လေး​မ​ခန့်​ပြု​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​ခိုး​ယူ​ရ​ရှိ​သည့်​ယဇ်​ကောင် ကို​သော်​လည်း​ကောင်း၊ ခြေ​ကျိုး​သို့​မ​ဟုတ် ဖျား​နာ​သည့်​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ငါ​၏​အ​တွက်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နှင့်​ယူ ဆောင်​ခဲ့​ကြ​၏။ ငါ​သည်​ဤ​ပူ​ဇော်​သ​ကာ များ​ကို​လက်​ခံ​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။-''

14. ``မိ​မိ​၏​သိုး​အုပ်​တွင်​အ​ပြစ်​အ​နာ​ကင်း သည့်​သိုး​များ​ရှိ​ပါ​လျက် ငါ့​အား​လိမ်​လည် လှည့်​စား​၍​အ​သုံး​မ​ကျ​သည့်​ယဇ်​ကောင် ကို​ပူ​ဇော်​ဆက်​သ​သူ​သည်​ကျိန်​စာ​သင့်​ပါ စေ​သ​တည်း။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ကြီး​မြတ်​သည့်​ဘု​ရင်​ဖြစ်​တော်​မူ​၍ ငါ​၏ နာ​မ​တော်​ကို​လူ​မျိုး​တ​ကာ​တို့​ကြောက်​ရွံ့ ရို​သေ​ရ​သော​ကြောင့်​တည်း'' ဟု​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

မာ​လ​ခိ 1