ဗျာ​ဒိတ် 9:2-5 Common Language Bible (BCL)

2. သူ​သည်​တွင်း​နက်​ကြီး​ကို​ဖွင့်​လိုက်​သော​အ​ခါ မီး​ခိုး​သည်​မီး​ဖို​ကြီး​မှ​ထွက်​သည့်​အ​လား ထွက်​လာ​လေ​သည်။ ထို​မီး​ခိုး​ကြောင့်​နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည်​မှောင်​မဲ​၍​သွား​၏။-

3. ထို​မီး​ခိုး​ထဲ​မှ​ကျိုင်း​ကောင်​များ​ထွက်​လာ​ပြီး လျှင် ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​ကျ​ကုန်​၏။ သူ​တို့ မှာ​ကင်း​မြီး​ကောက်​များ​ကဲ့​သို့​တန်​ခိုး​ရှိ ကြ​၏။-

4. သူ​တို့​သည်​မြက်​များ​နှင့်​အ​ခြား​စိမ်း​လန်း​သည့် အ​ပင်​ကြီး​ငယ်​တို့​ကို​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့်​မ​ရှိ။ န​ဖူး​တွင်​ဘု​ရား​သ​ခင်​၏​တံ​ဆိပ်​တော်​မ​ပါ သည့်​လူ​တို့​ကို​သာ​လျှင်​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့် ရှိ​ကြ​၏။-

5. ထို​သူ​တို့​အား​အ​သေ​သတ်​ပိုင်​ခွင့်​မ​ရှိ။ ငါး​လ​မျှ သာ​လျှင်​ညှဉ်း​ဆဲ​ပိုင်​ခွင့်​ရှိ​၏။ ကျိုင်း​ကောင်​အ​ကိုက် ခံ​ရ​သူ​တို့​သည်​ကင်း​မြီး​ကောက်​အ​ကိုက်​ခံ​ရ သ​ကဲ့​သို့​နာ​ကျင်​စွာ​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့် မည်။-

ဗျာ​ဒိတ် 9