ဗျာ​ဒိတ် 3:1-3 Common Language Bible (BCL)

1. ``သာ​ဒိ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သ​ခင်​၏​ဝိညာဉ် ခု​နစ်​ပါး​နှင့်​ကြယ်​ခု​နစ်​လုံး​ရှိ​သော​သူ​ထံ မှ​ဖြစ်​၏။ သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​သက်​ရှင်​လှုပ်​ရှား​လျက်​နေ​သည် ဟု​ကျော်​ကြား​သော်​လည်း​သေ​လျက်​နေ​၏။-

2. သို့​ဖြစ်​၍​နိုး​ထ​လော့။ သင်​၏​ကျန်​ရှိ​နေ​သေး သည့်​အ​သက်​မ​ချုပ်​ငြိမ်း​မီ​အင်​အား​ဖြည့် တင်း​၍​ပေး​လော့။ သင်​၏​အ​ပြု​အ​မူ​သည် ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ပြစ်​ဆို စ​ရာ​ရှိ​သေး​သည်​ကို​ငါ​တွေ့​မြင်​ရ​သည်။-

3. ထို့​ကြောင့်​သင်​သည်​ကြား​နာ​ခံ​ယူ​ခဲ့​သည့် တ​ရား​ကို​အောက်​မေ့​သ​တိ​ရ​လျက်​လိုက် လျှောက်​ကျင့်​သုံး​လော့။ နောင်​တ​ရ​လော့။ သင် သည်​မ​နိုး​မ​ထ​ပါ​မူ​သူ​ခိုး​လာ​သ​ကဲ့​သို့ သင့်​ထံ​သို့​ငါ​လာ​မည်။ ငါ​လာ​မည့်​အ​ချိန် ကို​သင်​သိ​ရ​လိမ့်​မည်​မ​ဟုတ်။-

ဗျာ​ဒိတ် 3