ဗျာ​ဒိတ် 21:18-21 Common Language Bible (BCL)

18. မြို့​ရိုး​ကို​နဂါး​သွဲ့​ကျောက်​ဖြင့်​ဆောက်​လုပ်​ထား​၏။ မြို့​တော်​ကြီး​ကား​ဖန်​ရောင်​ထ​နေ​သော​ရွှေ​စင်​ဖြင့် ပြီး​၏။-

19. မြို့​ရိုး​အုတ်​မြစ်​များ​ကို​ကျောက်​မျက်​ရ​တ​နာ အ​မျိုး​မျိုး​တို့​ဖြင့်​ခြယ်​လှယ်​ထား​၏။ ပ​ထ​မ​အုတ် မြစ်​မှာ​န​ဂါး​သွဲ့​ကျောက်၊ ဒု​တိ​ယ​အုတ်​မြစ်​မှာ နီလာ၊ တ​တိ​ယ​အုတ်​မြစ်​မှာ​မ​ဟူ​ရာ၊ စ​တုတ္ထ အုတ်​မြစ်​မှာ​မြ၊-

20. ပဉ္စမ​အုတ်​မြစ်​မှာ​ကြောင်၊ ဆ​ဋ္ဌ​မ​အုတ်​မြစ်​မှာ​ပတ္တမြား၊ သတ္တမ​အုတ်​မြစ်​မှာ​ဂေါ​ဒန်​ကျောက်၊ အ​ဋ္ဌ​မ​အုတ်​မြစ် မှာ​မျက်​ရွဲ၊ န​ဝ​မ​အုတ်​မြစ်​မှာ​ဥ​ဿ​ဖ​ရား၊ ဒ​သ​မ အုတ်​မြစ်​မှာ​မ​ဟူ​ရာ​စိမ်း၊ ဧ​က​ဒ​သ​မ​အုတ်​မြစ် မှာ​စိမ်း​ပြာ​ကျောက်၊ ဒွါ​ဒ​သ​မ​အုတ်​မြစ်​မှာ​ဂေါ် မုတ်​ဖြစ်​သ​တည်း။-

21. မြို့​တံ​ခါး​တစ်​ခု​လျှင်​ပု​လဲ​တစ်​လုံး​ဖြင့်​ပြု​လုပ် ထား​သ​ဖြင့် မြို့​တံ​ခါး​တစ်​ဆယ့်​နှစ်​ခု​တို့​သည်​ပု​လဲ တစ်​ဆယ့်​နှစ်​လုံး​ဖြစ်​ကြ​၏။ မြို့​၏​လမ်း​တို့​ကို​လည်း ကြည်​လင်​သည့်​ဖန်​ကဲ့​သို့​ရွှေ​စင်​ဖြင့်​ပြု​လုပ်​ထား လေ​သည်။

ဗျာ​ဒိတ် 21