13. အရှေ့ဘက်တွင်တံခါးပေါက်သုံးပေါက်၊ မြောက် ဘက်တွင်သုံးပေါက်၊ တောင်ဘက်တွင်သုံးပေါက်၊ အနောက်ဘက်တွင်သုံးပေါက်ရှိ၏။-
14. မြို့ရိုးတွင်အုတ်မြစ်ကျောက်တစ်ဆယ့်နှစ်ခုရှိ၏။ ထိုကျောက်များအပေါ်တွင်သိုးသူငယ်တော်၏ တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏နာမည်များ ကိုရေးထားလျက်ရှိ၏။-
15. ငါနှင့်စကားပြောသောကောင်းကင်တမန်၏လက် တွင်မြို့ကိုလည်းကောင်း၊ မြို့တံခါးများကိုလည်း ကောင်း၊ မြို့ရိုးကိုလည်းကောင်းတိုင်းထွာရန်ရွှေ ကူလုံးရှိ၏။-
16. ထိုမြို့သည်အနားလေးဘက်ညီသောထောင့်မှန် စတုဂံပုံရှိ၍အလျားနှင့်အနံတူညီ၏။ ကောင်း ကင်တမန်သည်ကူလုံးဖြင့်မြို့ကိုတိုင်းထွာရာ အလျား၊ အနံ၊ အမြင့်မှာမိုင်တစ်ထောင့်ငါး ရာစီရှိကြောင်းတွေ့ရ၏။-
17. ထိုနောက်မြို့ရိုးကိုတိုင်းရာကောင်းကင်တမန် အသုံးပြုသည့်လူတို့၏အတိုင်းအထွာအရ၊ အမြင့်နှစ်ရာတစ်ဆယ့်ခြောက်ပေရှိသတည်း။-
18. မြို့ရိုးကိုနဂါးသွဲ့ကျောက်ဖြင့်ဆောက်လုပ်ထား၏။ မြို့တော်ကြီးကားဖန်ရောင်ထနေသောရွှေစင်ဖြင့် ပြီး၏။-
19. မြို့ရိုးအုတ်မြစ်များကိုကျောက်မျက်ရတနာ အမျိုးမျိုးတို့ဖြင့်ခြယ်လှယ်ထား၏။ ပထမအုတ် မြစ်မှာနဂါးသွဲ့ကျောက်၊ ဒုတိယအုတ်မြစ်မှာ နီလာ၊ တတိယအုတ်မြစ်မှာမဟူရာ၊ စတုတ္ထ အုတ်မြစ်မှာမြ၊-