25. သင်တို့သည်မိမိတို့၏လက်ဝယ်ရှိသည့် အရာကိုငါလာသည်တိုင်အောင်စွဲမြဲ စွာကိုင်ထားကြလော့။-
26-28. အောင်မြင်၍ငါလိုလားသည့်အကျင့်ကို အဆုံးတိုင်အောင် ကျင့်သောသူတို့အား ခမည်းတော်ထံမှငါရရှိသည့်အခွင့် အာဏာကိုငါပေးမည်။ ယင်းအခွင့်အာဏာ မှာလူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုး၍ မြေအိုးများကိုသံတုတ်ဖြင့် အစိတ်စိတ်အမြွှာမြွှာရိုက်ခွဲသကဲ့သို့ သူတို့အားချေမှုန်းပိုင်ခွင့်ဖြစ်သည်။ မိုး သောက်ကြယ်ကိုလည်းသူတို့အားငါ ပေးမည်။
29. အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော် မူသောစကားများကိုကြားတတ်သော နားရှိသူတို့ကြားပါစေ။