ဗျာ​ဒိတ် 13:1-3 Common Language Bible (BCL)

1. ထို​နောက်​ပင်​လယ်​ထဲ​မှ​ဦး​ချို​ဆယ်​ချောင်း နှင့်​ဦး​ခေါင်း​ခု​နစ်​လုံး​ရှိ​သော သား​ရဲ​တစ် ကောင်​တက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​၏ ဦး​ချို​တစ်​ချောင်း​စီ​တွင်​သ​ရ​ဖူ​ဆောင်း​ထား ၏။ သူ​၏​ဦး​ခေါင်း​တစ်​လုံး​စီ​ပေါ်​၌​လည်း ဘု​ရား​သ​ခင်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ သည့်​အ​မည်​နာ​မ​ကို​ရေး​သား​ထား​၏။-

2. ငါ​မြင်​ရ​သည့်​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ ၏။ သူ​၏​ခြေ​တို့​သည်​ဝက်​ဝံ​ခြေ​များ​နှင့်​တူ​၍ သူ​၏​နှုတ်​သည်​ခြင်္သေ့​၏​နှုတ်​နှင့်​တူ​၏။ န​ဂါး သည်​မိ​မိ​၏​တန်​ခိုး​နှင့်​မိ​မိ​၏​ပလ္လင်​ကို​လည်း ကောင်း၊ ကြီး​မား​သော​အာ​ဏာ​စက်​ကို​လည်း ကောင်း​ထို​သား​ရဲ​အား​ပေး​အပ်​၏။-

3. သူ​၏​ဦး​ခေါင်း​တစ်​လုံး​မှာ​သေ​လောက်​သည့် ဒဏ်​ရာ​ရ​ထား​သ​ကဲ့​သို့​ရှိ​သော်​လည်း ထို ဒဏ်​ရာ​မှာ​ပျောက်​ကင်း​လျက်​နေ​လေ​ပြီ။ ကမ္ဘာ သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည်​ထို​သား​ရဲ အား​အံ့​သြ​လျက်​သူ​၏​နောက်​သို့​လိုက်​ကြ ကုန်​၏။-

ဗျာ​ဒိတ် 13