ဖိ​လိပ္ပိ 2:14-30 Common Language Bible (BCL)

14. သင်​တို့​လုပ်​ဆောင်​စ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ညည်း မ​တွား၊ မ​ငြင်း​မ​ခုံ​ဘဲ​လုပ်​ဆောင်​ကြ​လော့။-

15-16. သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဖောက်​ပြန်​၍​အ​ပြစ် ကူး​လွန်​သူ​များ​ရှိ​ရာ​ကမ္ဘာ​တွင် ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သား​သ​မီး​များ အ​နေ​ဖြင့် စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​အ​ပြစ် ကင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​တ​ရား​တော် ကို​ဟော​ပြော​ကာ ထို​သူ​တို့​အ​လယ်​တွင်​ကြယ် တာ​ရာ​များ​သ​ဖွယ်​ထွန်း​လင်း​တောက်​ပ​ရ​ကြ မည်။ ဤ​သို့​ပြု​ကြ​မည်​ဆို​ပါ​က​ငါ​အား​ထုတ် လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​မ​ဖြစ် သ​ဖြင့်​ခ​ရစ်​တော်​၏​နေ့​ရက်​၌​ငါ့​မှာ​ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​လိမ့်​မည်။

17. သင်​တို့​၏​ယုံ​ကြည်​ခြင်း​က​ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​ပေါ်​တွင် ငါ​၏​အ​သက်​သွေး​ကို သွန်း​လောင်း​ရ​မည်​ဆို​လျှင် ငါ​သည်​ဝမ်း​မြောက် လျက်​သင်​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​သည်။-

18. သင်​တို့​သည်​လည်း​ဝမ်း​မြောက်​လျက်​ငါ​နှင့် အ​တူ​ဝမ်း​မြောက်​ကြ​လော့။

19. ငါ​သည်​သင်​တို့​၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြား​၍ အား​တက်​လာ​စေ​ရန်​သ​ခင်​ဘု​ရား​အလို တော်​ရှိ​လျှင် တိ​မော​သေ​ကို​သင်​တို့​ထံ​သို့​မ​ကြာ မီ​စေ​လွှတ်​နိုင်​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​သည်။-

20. တိ​မော​သေ​တစ်​ဦး​သာ​လျှင်​ငါ​နှင့်​သ​ဘော​ချင်း တူ​၍​သင်​တို့​၏​အ​ကျိုး​ကို​အ​ကယ်​ပင်​လို​လား သူ​ဖြစ်​၏။-

21. အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ကိုယ့် အ​ကျိုး​ကို​သာ​လျှင်​ရှာ​ကြ​၏။ ယေ​ရှု​ခ​ရစ် ၏​အ​ကျိုး​ကို​မ​ရှာ​ကြ။-

22. တိ​မော​သေ​နှင့်​ငါ​သည်​သား​အ​ဖ​သ​ဖွယ်​အ​တူ တ​ကွ​သ​တင်း​ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​မှု​တော် ကို​အ​ဘယ်​သို့​ဆောင်​ရွက်​ခဲ့​ကြ​ကြောင်း​ကို​သင်​တို့ သိ​ကြ​၏။-

23. သို့​ဖြစ်​၍​ငါ့​အ​မှု​ကိစ္စ​အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ လျှင်​သိ​ခြင်း သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​နိုင် မည်​ဟု​ငါ​မျှော်​လင့်​၏။-

24. သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​လျက်​ငါ​ကိုယ် တိုင်​ပင်​မ​ကြာ​မီ​သင်​တို့​ထံ​သို့​လာ​နိုင်​လိမ့်​မည်။

25. ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်၊ ငါ​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ခဲ့​သူ၊ ငါ့​အား​ပြု​စု​ရန်​သင်​တို့​က​စေ​လွှတ် လိုက်​သူ၊ ငါ​တို့​၏​ညီ​ဧ​ပ​ဖြော​ဒိတ်​ကို​သင်​တို့ ထံ​သို့​စေ​လွှတ်​ရန်​လို​အပ်​သည်​ဟု​ငါ​ယူ​ဆ​၏။-

26. သူ​သည်​သင်​တို့​အ​ပေါင်း​ကို​လွမ်း​ဆွတ်​လျက် နေ​၏။ သူ​ဖျား​နာ​သည့်​သ​တင်း​ကို​သင်​တို့​ကြား သိ​သွား​သ​ဖြင့်​သူ​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​နေ​၏။-

27. သူ​သည်​အ​မှန်​ပင်​သေ​လု​နီး​ပါး​ဖျား​နာ​ခဲ့​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​သ​နား တော်​မူ​လေ​ပြီ။ သူ့​ကို​သာ​လျှင်​သ​နား​တော် မူ​သည်​မ​ဟုတ်။ ငါ့​အား​လည်း​ထပ်​ဆင့်​ဝမ်း နည်း​မှု​နှင့်​မ​ကြုံ​တွေ့​စေ​ရန်​သ​နား​တော်​မူ​၏။-

28. ထို့​ကြောင့်​သင်​တို့​သည်​သူ့​ကို​တစ်​ဖန်​တွေ့​မြင်​ရ သ​ဖြင့်​ဝမ်း​မြောက်​ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ ၏​ဝမ်း​နည်း​မှု​ကို​လည်း​ပ​ပျောက်​သွား​စေ​ရန် လည်း​ကောင်း​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ် ရန်​ငါ​ပို​၍​စိတ်​အား​ထက်​သန်​လျက်​ရှိ​၏။-

29. သင်​တို့​သည်​သူ့​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တစ်​ဦး အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​ကြို​ဆို​ကြ​လော့။ ထို​သို့ သော​သူ​တို့​ကို​ရို​သေ​လေး​စား​ကြ​လော့။-

30. သူ​သည်​သင်​တို့​ကိုယ်​တိုင်​မ​ပေး​နိုင်​သည့်​အ​ကူ အ​ညီ​ကို ငါ့​အား​ပေး​နိုင်​အံ့​သော​ငှာ​အ​သက်​စွန့် စား​၍ ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​သေ​လု​နီး သည်​တိုင်​အောင်​ကြိုး​ပမ်း​ထမ်း​ဆောင်​ခဲ့​ပေ​သည်။

ဖိ​လိပ္ပိ 2