9. သူတို့သည်ပညတ်တရားပြဋ္ဌာန်းချက်များ ကိုကြားသောအခါ စိတ်ထိခိုက်သဖြင့်ငို ကြွေးကြကုန်၏။ သို့ဖြစ်၍ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်ယဇ်ပုရောဟိတ်ဧဇရနှင့် ပညတ်ကျမ်းစာတော်၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းပြသူလေဝိအနွယ်ဝင်တို့က``ဤနေ့ သည်သင်တို့ဘုရားသခင်ထာဝရဘုရား ၏နေ့မြတ်ဖြစ်၏။ သင်တို့သည်ငိုကြွေးမြည် တမ်းမှုကိုမပြုကြနှင့်။-
10. ယခုအိမ်သို့ပြန်၍ပျော်ရွှင်စွာစားသောက် ကြလော့။ သင်တို့၏အစားအစာနှင့်စပျစ် ရည်ကို မရှိဆင်းရဲသူတို့အားဝေငှကြ လော့။ ဤနေ့သည်ငါတို့ထာဝရဘုရား ၏နေ့မြတ်ဖြစ်သဖြင့် ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှရသောဝမ်း မြောက်ခြင်းသည် သင်တို့ကိုခွန်အားပြည့် ဝလာစေလိမ့်မည်'' ဟုပြောကြားကြ၏။
11. လေဝိအနွယ်ဝင်တို့သည်လှည့်လည်၍ထို နေ့မြတ်၌ ဝမ်းမနည်းဘဲစိတ်တည်ငြိမ်မှု ရှိကြရန်လူတို့အားပြောကြားကြ၏။-
12. သို့ဖြစ်၍လူအပေါင်းတို့သည်ကြားခဲ့ရ သောကျမ်းစကားကိုနားလည်သဘော ပေါက်သဖြင့် မိမိတို့အိမ်သို့ပြန်၍ပျော်ရွှင် စွာစားသောက်လျက် အစားအစာကိုသူ တစ်ပါးအားဝေမျှကြ၏။
13. နောက်တစ်နေ့၌သားချင်းစုခေါင်းဆောင်များ သည် ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များနှင့်အတူ ပညတ်ကျမ်းကိုလေ့လာရန် ဧဇရထံသို့လာရောက်ကြ၏။-
14. သူတို့သည်မောရှေအားဖြင့်ထာဝရဘုရား ပေးအပ်ထားတော်မူသော ပညတ်ကျမ်းတွင် သစ်ခက်တဲနေပွဲတော်အခါ၌ ဣသရေလ အမျိုးသားများသည်ယာယီတဲများတွင် နေထိုင်ကြရမည်ဖြစ်ကြောင်းပြဋ္ဌာန်း ထားသည်ကိုတွေ့ရှိကြရ၏။-