နေ​ဟ​မိ 7:5-73 Common Language Bible (BCL)

5. ပြည်​သူ​များ၊ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး​မှူး​တို့​အား​စု​ရုံး​စေ​၍ အိမ်​ထောင်​စု​စာ​ရင်း​များ​ကို​စစ်​ဆေး​ရန်​ဘု​ရား​သ​ခင်​သည်​ငါ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​၏။ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ရာ​မှ​ရှေး​ဦး​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​၏​စာ​ရင်း​ကို​ဤ​သို့​ရှာ​ဖွေ​တွေ့​ရှိ​ရ​သည်။

6. ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​သည် မိ​မိ​တို့​နေ​ရင်း​ဌာ​နေ​ဖြစ်​သော​ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​ခြား​ယု​ဒ​မြို့​များ​သို့​ပြန်​လာ​ခဲ့​ကြ​၏။-

7. သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​သည်။

57-59. ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ရှော​လ​မုန်​၏​အ​စေ​ခံ​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။သော​တဲ၊သော​ဖ​ရက်၊ပေ​ရိ​ဒ၊ယာ​လ၊ဒါ​ကုန်၊ဂိဒ္ဒေ​လ၊ရှေ​ဖ​တိ၊ဟတ္တိ​လ၊ပေါ​ခ​ရက်၊ဇေ​ဗိမ်​နှင့်​အာ​မုန်။

60. ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ရှော​လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​ပေါက်​ဖွား​လာ​သူ​ဦး​ရေ​စု​စု​ပေါင်း​မှာ သုံး​ရာ​ကိုး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။

61-62. တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​ရ​ရှ​မြို့၊ ခေ​ရုပ်​မြို့၊ အဒ္ဒုန်​မြို့​နှင့်​ဣ​မေ​ရ​မြို့​တို့​မှ​ထွက်​ခွာ​လာ​သော​ဒေ​လာ​ယ၊ တော​ဘိ​နှင့်​နေ​ကော​ဒ​သား​ချင်း​စု​အ​နွယ်​ဝင်​များ​မှာ ခြောက်​ရာ​လေး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ မိ​မိ​တို့​ဆင်း​သက်​ပေါက်​ဖွား​လာ​ကြောင်း​သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ။

63-64. အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​ကား​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား​ပြ​ရန်​တစ်​စုံ​တစ်​ရာ​ရှာ​၍​မ​တွေ့​နိုင်​ကြ။ ဟ​ဗာ​ယ၊ ကော​ဇ​နှင့်​ဗာ​ဇိ​လဲ (ဗာ​ဇိ​လဲ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​၏​ဘိုး​ဘေး​ဖြစ်​သူ​သည်​ဂိ​လဒ်​ပြည်​သား၊ ဗာ​ဇိ​လဲ​သား​ချင်း​စု​မှ​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​စုံ​ဖက်​ပြီး​နောက်​မိ​မိ​ယောက္ခ​မ​သား​ချင်း​စု​၏​နာ​မည်​ကို​ခံ​ယူ​ခဲ့​၏။)ထို​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​မှာ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​မ​ခံ​ရ​ကြ။-

65. ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား``သင်​တို့​သည်​ဥ​ရိမ်​နှင့်​သု​မိမ် ကို​အ​သုံး​ပြု​၍​ဆုံး​ဖြတ်​နိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​မ​ပေါ်​မ​ချင်း​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​များ​ကို​မ​စား​ကြ​ရ'' ဟု​ဆို​၏။

66. ပြန်​လာ​ကြ​သော​ပြည်​နှင်​ဒဏ်​သင့်​သူစု​စု​ပေါင်း​ဦး​ရေ ၄၂၃၆၀

73. ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဂီ​တ​ပ​ညာ​သည်​များ၊ သာ​မန်​ပြည်​သူ​အ​မြောက်​အ​မြား၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​အ​စ​ရှိ​သော​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရွာ​များ​တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။

နေ​ဟ​မိ 7