11. ထိုအခါငါက``ငါသည်ထွက်ပြေးတိမ်း ရှောင်တတ်သောသူမဟုတ်။ အသက်ချမ်းသာ ရရန်ဗိမာန်တော်ထဲတွင်ပုန်းအောင်းတတ် သူဟုသင်ထင်မှတ်ပါသလော။ ဗိမာန် တော်သို့ငါမသွား'' ဟုပြန်ပြောလိုက်၏။
12. ဤအမှုကိုငါစဉ်းစားဆင်ခြင်သောအခါ ယင်းသို့ရှေမာယငါ့အားသတိပေးသည် မှာ သူ့အားဘုရားသခင်မှာကြားထားတော် မူသောကြောင့်မဟုတ်။ တောဘိနှင့်သမ္ဘာလတ် တို့တံစိုးလက်ဆောင်ပေး၍ စေခိုင်းထားသော ကြောင့်ဖြစ်ကြောင်းရိပ်မိသည်။-
13. ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
14. ``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။
15. အလုပ်လုပ်ရက်ငါးဆယ့်နှစ်ရက်ရှိသောအခါ ဧလုလ၊ လနှစ်ဆယ့်ငါးရက်နေ့၌မြို့ရိုးကို လက်စသတ်ကြ၏။-