နေ​ဟ​မိ 5:4-10 Common Language Bible (BCL)

4. အ​ခြား​သူ​တို့​က``ငါ​တို့​သည်​လယ်​ခွန်​နှင့် စ​ပျစ်​ဥ​ယျာဉ်​ခွန်​ပေး​ဆောင်​နိုင်​ရန်​ငွေ​ကို ချေး​ယူ​ထား​ကြ​ရ​ပါ​သည်။-

5. ငါ​တို့​သည်​လည်း​ယု​ဒ​အ​မျိုး​သား​များ ပင်​မ​ဟုတ်​ပါ​လော။ ငါ​တို့​သား​သ​မီး​များ သည်​လည်း​သူ​တို့​သား​သ​မီး​များ​ထက်​မ​ညံ့ ပါ။ သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​သား​သ​မီး များ​ကို​ကျွန်​ခံ​စေ​ကြ​ရ​ပါ​၏။ သ​မီး​အ​ချို့ ကို​လည်း​ကျွန်​အ​ဖြစ်​ရောင်း​ချ​လိုက်​ရ​လေ ပြီ။ ငါ​တို့​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်။ ငါ တို့​လယ်​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​သည် သူ​တစ်​ပါး​လက်​သို့​ရောက်​လေ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

6. ထို​သူ​တို့​ညည်း​ညူ​သံ​ကို​ကြား​သော်​ငါ သည်​အ​မျက်​ထွက်​၍၊-

7. အ​ရေး​ယူ​ဆောင်​ရွက်​ရန်​စိတ်​ပိုင်း​ဖြတ်​လိုက်​၏။ ငါ​သည်​ပြည်​သူ​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ် ရေး​မှူး​တို့​အား``သင်​တို့​သည်​မိ​မိ​တို့​ညီ အစ်​ကို​များ​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လျက်​နေ​ကြ ပါ​သည်​တ​ကား'' ဟု​ပြစ်​တင်​ပြော​ဆို​၏။ငါ​သည်​ဤ​ပြ​ဿ​နာ​ကို ဖြေ​ရှင်း​ရန်​လူ​ထု စည်း​ဝေး​တစ်​ရပ်​ကို​ခေါ်​ယူ​ပြီး​လျှင်၊-

8. ``မိ​မိ​တို့​ကိုယ်​ကို​လူ​မျိုး​ခြား​များ​လက် သို့​ရောင်း​ချ​ရ​ကြ​သူ ယု​ဒ​အ​မျိုး​သား​ညီ အစ်​ကို​တို့​အား​တတ်​နိုင်​သ​မျှ​ငါ​တို့​ပြန် လည်​ဝယ်​ယူ​ပြီး​မှ ယ​ခု​သင်​တို့​က မိ​မိ​တို့ အ​မျိုး​သား​အ​ချင်း​ချင်း​ပြန်​လည်​ရောင်း စား​လျက်​နေ​ကြ​ပါ​တကား'' ဟု​ဆို​သော အ​ခါ​ခေါင်း​ဆောင်​များ​သည်​ဆိတ်​ဆိတ် နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍ မ​ပြော​နိုင်​ကြ။

9. ထို​နောက်​ငါ​သည်​သူ​တို့​အား``သင်​တို့​ပြု သော​အ​မှု​သည်​မ​ကောင်း​ပါ​တ​ကား။ ရန်​သူ လူ​မျိုး​ခြား​များ​သည်​ငါ​တို့​အား​သ​ရော် ခြင်း​မှ​ကင်း​လွတ်​စေ​ရန် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကာ​သင်​တို့​မှန်​ရာ​ကို​လုပ် ဆောင်​သင့်​ကြ​သည်။-

10. ငါ​သည်​ပြည်​သူ​တို့​အား​ငွေ​နှင့်​ဂျုံ​စ​ပါး​ကို ချေး​ငှား​ပါ​၏။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ နှင့်​လုပ်​သား​များ​သည်​လည်း​ဤ​နည်း​အ​တိုင်း ပင်​ပြု​ကြ​ပါ​၏။ ယ​ခု​ငါ​တို့​သည်​ထို​အ​ကြွေး များ​ကို​ပြန်​လည်​တောင်း​ခံ​မှု​မ​ပြု​ဘဲ​နေ ကြ​စို့။-

နေ​ဟ​မိ 5