15. ရန်သူများသည်မိမိတို့အကြံအစည်ကို ငါတို့သိရှိသွားကြောင်းကြားကြသော အခါ သူတို့၏အကြံအစည်ကိုဘုရားသခင်ပယ်ဖျက်တော်မူပြီဖြစ်ကြောင်းရိပ် မိကြ၏။ ထိုနောက်ငါတို့ရှိသမျှသည်မြို့ ရိုးကိုဆက်လက်တည်ဆောက်ကြလေသည်။
16. ထိုအချိန်မှအစပြု၍ငါ၏လူစုတစ်ဝက် သည်အလုပ်လုပ်၍ကျန်တစ်ဝက်ကလှံ၊ ဒိုင်း လွှား၊ လေးတို့ကိုကိုင်ဆောင်ကာသံချပ်အင်္ကျီ များကိုဝတ်ဆင်ပြီးလျှင်ကင်းစောင့်ရကြ လေသည်။ ငါတို့၏ခေါင်းဆောင်များသည်မြို့ ရိုးပြန်လည်တည်ဆောက်လျက်နေသူယုဒ အမျိုးသားတို့အားထောက်ခံအားပေး ကြ၏။-
17. ဆောက်လုပ်ရေးပစ္စည်းများကိုသယ်ယူသူတို့ သည်ပင်လျှင်လက်တစ်ဖက်ဖြင့်သယ်ယူ၍ အခြားလက်တစ်ဖက်ဖြင့်လက်နက်ကိုစွဲ ကိုင်ထားကြ၏။-
18. တည်ဆောက်သောသူအပေါင်းတို့သည်လည်း ခါးတွင်ဋ္ဌားကိုဆွဲလျက်တည်ဆောက်ကြ၏။ ဘေးအန္တရာယ်အချက်ပေးရန်တံပိုးခရာ မှုတ်ရမည့်သူသည်ငါ၏အနီးတွင်ရပ် လျက်နေ၏။-