9. အောက်ပါတို့သည်တုန့်ပြန်သီဆိုမှုကိုပြုရသည့်သီချင်းသည်များဖြစ်ကြ၏။ ဗာကဗုကိ၊ ဥနိနှင့်အဖော်လေဝိအနွယ်ဝင်များ။
12-21. ယဇ်ပုရောဟိတ်မင်း ယောယကိမ်လက်ထက်၌အောက်ပါတို့သည် ယဇ်ပုရောဟိတ်သားချင်းစုတို့၏ဦးစီးခေါင်းဆောင်များအဖြစ်ဆောင်ရွက်ရကြ၏။သားချင်းစု ဦးစီးခေါင်းဆောင်စရာယ မေရာယယေရမိ ဟာနနိဧဇရ မေရှုလံအာမရိ ယောဟနန်မလ္လုတ် ယောနသန်ရှေခနိ ယောသပ်ဟာရိမ အာဒနမေရာယုတ် ဟေလကဲဣဒေါ ဇာခရိဂိန္နေသုန် မေရှုလံအဘိယ ဇိခရိမိညာမိန် ဟေဗြဲစာမူတွင်နာမည်မပါလာမာဒျာ ပိလတဲဗိလဂ ရှမွာရှေမာယ ယေဟောနသန်ယောယရိပ် မတ္တေနဲယေဒါယ သြဇိသလ္လု ကာလဲအာမောက် ဧဗာဟိလခိ ဟာရှဘိယေဒါယ နာသနေလ
22. ယဇ်ပုရောဟိတ်မင်းများဖြစ်ကြသောဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်နှင့်ယာဒွါတို့၏လက်ထက်တွင်လေဝိအိမ်ထောင်စုနှင့်ယဇ်ပုရောဟိတ်အိမ်ထောင်စုဦးစီးခေါင်းဆောင်များ၏မှတ်တမ်းကိုထားရှိခဲ့၏။ ဤမှတ်တမ်းကိုပေရသိဧကရာဇ်ဒါရိလက်ထက်၌ပြုစုပြီးစီးလေသည်။
23. သို့ရာတွင်လေဝိအိမ်ထောင်ဦးစီးများစာရင်းကိုဧလျာရှိပ်၏မြေးယောဟနန်၏လက်ထက်တိုင်အောင်သာလျှင်တရားဝင်မှတ်တမ်းများတွင်တွေ့ရှိရ၏။