12. သင်၏ခံတပ်မှန်သမျှသည်အသီးမှည့်များ ရှိသည့်သဖန်းပင်များနှင့်တူ၍ အပင်ကို လှုပ်လိုက်လျှင်စားချင်သူ၏ခံတွင်းသို့ အသီးများကျလာလိမ့်မည်။-
13. သင်၏စစ်သည်တပ်သားတို့သည်အမျိုးသမီး များသဖွယ်ဖြစ်၍ သင်၏ပြည်ရှိတံခါးများ သည်လည်းရန်သူများရှေ့တွင်ခုခံကာကွယ် နိုင်စွမ်းကင်းမဲ့လျက်ပွင့်နေ၏။ သင်၏မြို့ တံခါးကန့်လန့်ကျင်တို့သည်မီးလောင် ကျွမ်း၍သွားလိမ့်မည်။-
14. မြို့ကိုအဝိုင်းခံနိုင်ရန်ရေများကိုခပ်ထားလော့။ ခံတပ်များကိုအားဖြည့်ထားကြလော့။ အုတ်ဖုတ် ရန်ရွှံ့စေးကိုနင်းနယ်၍အုတ်သွန်းပုံများကို အသင့်ပြုလုပ်လော့။-
15. သင်သည်အဘယ်သို့ပင်ပြုသော်လည်းမီးသင့် လောင်ပြီးစစ်ပွဲတွင်ကျဆုံး၍သေလိမ့်မည်။ ကျိုင်းကောင်များကိုက်ဖျက်လိုက်သည့်အသီး အနှံများကဲ့သို့သင်သည်အစတုန်း၍သွား လိမ့်မည်။သင်သည်ကျိုင်းကောင်များကဲ့သို့လူဦးရေ တိုးပွားစေခဲ့၏။-
16. မိုးကောင်းကင်ကြယ်တာရာများထက်ပင်ပို မိုများပြားသည့်ကုန်သည်များကိုမွေးထုတ် ပေးခဲ့၏။ သို့ရာတွင်မိမိတို့အတောင်ကိုဖြန့် ၍ပျံသွားသောကျိုင်းကောင်များကဲ့သို့ ထို သူတို့သည်ထွက်သွားကြလေပြီ။-