ဒံ​ယေ​လ 2:29-38 Common Language Bible (BCL)

29. ``အ​ရှင်​မင်း​ကြီး​သည်​စက်​တော်​ခေါ်​လျက် နေ​စဉ် အ​နာ​ဂတ်​၌​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ အ​ကြောင်း​ကို​အိပ်​မက်​မြင်​မက်​တော်​မူ​ပါ​၏။ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော ဘု​ရား​သ​ခင်​သည်​နောင်​ဖြစ်​လတ္တံ့ သော​အ​မှု​အ​ရာ​တို့​ကို​အ​ရှင့်​အား​ဖွင့်​ပြ တော်​မူ​ပါ​၏။-

30. ဘု​ရား​သ​ခင်​သည်​ယင်း​သို့​လျှို့​ဝှက်​ခက်​ခဲ သည့်​အ​ရာ​ကို အ​ကျွန်ုပ်​အား​သိ​စေ​တော် မူ​သည်​မှာ​အ​ကျွန်ုပ်​သည် အ​ခြား​သူ​အ​ပေါင်း တို့​ထက်​ပို​၍​အ​သိ​ပ​ညာ​ရှိ​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​အား​အိပ်​မက်​၏ အ​နက်​ကို​သိ​ရှိ​စေ​ရန်​နှင့် နှ​လုံး​တော်​ဆင် ခြင်​ချက်​များ​ကို​နား​လည်​လာ​စေ​ရန်​ပင် ဖြစ်​ပါ​၏။

31. ``အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အိပ်​မက် တွင်​အ​လွန်​ကြီး​မား​တောက်​ပ​ပြောင်​လက် ၍​ကြောက်​မက်​ဖွယ်​ကောင်း​သော​လူ​ရုပ်​တု ကြီး​ကို​မြင်​တော်​မူ​ပါ​၏။-

32. ထို​ရုပ်​တု​ကြီး​၏​ဦး​ခေါင်း​သည်​ရွှေ​စင်​ဖြင့် ပြီး​ပါ​၏။ ရင်​ဘတ်​နှင့်​လက်​နှစ်​ဖက်​ကို​ငွေ ဖြင့်​လုပ်​ထား​ပြီး​လျှင် ဝမ်း​နှင့်​ပေါင်​တို့​ကို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-

33. ခြေ​သ​လုံး​ကို​သံ​ဖြင့်​ပြု​လုပ်​၍​ခြေ​ဖ​မိုး နှင့် ခြေ​ဖ​ဝါး​တို့​မှာ​သံ​တစ်​ပိုင်း​ရွှံ့​စေး သ​ရွတ်​တစ်​ပိုင်း​ဖြစ်​ပါ​၏။-

34. ထို​ရုပ်​တု​ကြီး​ကို​အ​ရှင်​မင်း​ကြီး​ကြည့် လျက်​နေ​စဉ် ကျောက်​ခဲ​ကြီး​တစ်​လုံး​သည် တောင်​ပေါ်​မှ​အ​လို​အ​လျောက်​ပြုတ်​ထွက် လာ​ပြီး​လျှင် သံ​နှင့်​ရွှံ့​စေး​သ​ရွတ်​ဖြင့်​ပြီး သည့်​ရုပ်​တု​ကြီး​ခြေ​များ​ကို​ထိ​မှန်​ကျိုး ပဲ့​သွား​စေ​ပါ​၏။-

35. ချက်​ချင်း​ပင်​သံ၊ ရွှံ့​စေး​သ​ရွတ်၊ ကြေး​ဝါ၊ ငွေ​နှင့်​ရွှေ​တို့​သည်​ကြေ​မွ​၍​သွား​ပါ​၏။ ယင်း​တို့​သည်​နွေ​ရာ​သီ​ကောက်​နယ်​တ​လင်း က မြေ​မှုန့်​များ​သ​ဖွယ်​လေ​တိုက်​ရာ​သို့ လွင့်​ပါ​သွား​လေ​သည်။ အ​စ​အ​န​တစ်​စုံ တစ်​ရာ​မျှ​ပင်​မ​ကျန်​ခဲ့​ပါ။ သို့​ရာ​တွင် ကျောက်​ခဲ​ကြီး​မူ​ကား​ကမ္ဘာ​မြေ​တစ်​ပြင် လုံး​ကို​လွှမ်း​မိုး​သည့်​တောင်​ကြီး​ဖြစ်​လာ ပါ​၏။

36. ``ဤ​ကား​အ​ရှင်​မင်း​ကြီး​၏​အိပ်​မက်​ဖြစ် ပါ​၏။ ယ​ခု​ဤ​အိပ်​မက်​၏​အ​နက်​ကို အ​ကျွန်ုပ်​လျှောက်​ထား​ပါ​မည်။-

37. အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည်​ဘု​ရင်​တ​ကာ တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​တော်​မူ​ပါ​၏။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ရှင့် အား ထီး​နန်း​ကို​အပ်​နှင်း​တော်​မူ​၍​တန်​ခိုး စွမ်း​ရည်၊ ဘုန်း​အ​သ​ရေ​တို့​ဖြင့်​ပြည့်​စုံ စေ​တော်​မူ​ပါ​ပြီ။-

38. ကိုယ်​တော်​သည်​အ​ရှင့်​အား​လူ​တို့​နေ​ထိုင် ရာ​ကမ္ဘာ​မြေ​ပြင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အ​စိုး​ရ​စေ​တော်​မူ​ပါ​၏။ အ​ရှင်​မင်း​ကြီး သည်​ရုပ်​တု​ကြီး​၏​ရွှေ​ဦး​ခေါင်း​ဖြစ်​တော် မူ​ပါ​၏။-

ဒံ​ယေ​လ 2