20. ``ဘုရားသခင်သည်ဉာဏ်ပညာတော် တန်ခိုးတော်တို့နှင့်ပြည့်စုံတော်မူ၏။ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလော့။
21. ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
22. ကိုယ်တော်သည်လျှို့ဝှက်နက်နဲသည့် အရာများကိုထုတ်ဖော်တော်မူ၏။မှောင်မိုက်တွင်ဖုံးကွယ်နေသည့် အရာများကိုသိတော်မူ၏။ကိုယ်တော်အားအလင်းဝိုင်းရံလျက်ရှိ၏။
23. အကျွန်ုပ်၏ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင်၊ကိုယ်တော်ရှင်သည်အကျွန်ုပ်အားဉာဏ်ပညာ နှင့် အစွမ်းသတ္တိကိုပေးသနား၍အကျွန်ုပ်တောင်းလျှောက်သည့်အတိုင်း မင်းကြီး ၏အိပ်မက်ကိုဖွင့်ပြတော်မူသောကျေးဇူးတော်ကို ချီးမွမ်း ထောမနာပြုပါ၏။''
24. သို့ဖြစ်၍ဒံယေလသည် ဗာဗုလုန်မြို့က ပညာရှိတို့အား ကွပ်မျက်ရန်မင်းကြီးတာဝန် ပေးအပ်ထားသူအာရုတ်၏ထံသို့သွား၍``ထို သူတို့အားမကွပ်မျက်ပါနှင့်။ အကျွန်ုပ်အား ဘုရင်၏ထံတော်သို့ခေါ်ဆောင်သွားပါ။ အ ကျွန်ုပ်သည်မင်းကြီး၏အိပ်မက်ကိုအနက် ဖွင့်ပြပါမည်'' ဟုဆို၏။