ဒံ​ယေ​လ 10:2-6 Common Language Bible (BCL)

2. ထို​အ​ခါ​၌​ငါ​ဒံ​ယေ​လ​သည်​သီ​တင်း သုံး​ပတ်​တိုင်​တိုင် ဝမ်း​နည်း​ပူ​ဆွေး​လျက် နေ​၏။-

3. မွန်​မြတ်​သော​အ​စာ​သို့​မ​ဟုတ်​အ​သား​ကို မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်၊ ခေါင်း​မ​ဖြီး ဘဲ​သီ​တင်း​သုံး​ပတ်​ကုန်​ဆုံး​ချိန်​တိုင်​အောင် နေ​၏။

4. ထို​နှစ်​ပ​ထ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​မြောက် သော​နေ့​၌ ငါ​သည်​တိ​ဂ​ရစ်​မြစ်​ကြီး​၏ ကမ်း​ပါး​ပေါ်​တွင်​ရပ်​လျက်​နေ​၏။-

5. မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ပိတ်​ချော အင်္ကျီ​ကို​ဝတ်​၍ ရွှေ​ခါး​ပတ်​ကို​ပတ်​ထား သူ​လူ​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။-

6. သူ​၏​ခန္ဓာ​ကိုယ်​သည်​ကျောက်​မျက်​ရ​တ​နာ ကဲ့​သို့​တောက်​ပ​၏။ သူ​၏​မျက်​နှာ​သည်​လျှပ် စစ်​နွယ်​ကဲ့​သို့​ပြောင်​လက်​လျက် သူ​၏​မျက်​စိ များ​သည်​မီး​ကဲ့​သို့​အ​လျှံ​ထ​လျက်​နေ​၏။ သူ​၏​လက်​ခြေ​တို့​သည် တိုက်​ချွတ်​ထား​သော ကြေး​ဝါ​ကဲ့​သို့​တောက်​ပ​၍ သူ​၏​အ​သံ သည်​လူ​ပ​ရိတ်​သတ်​ကြီး​၏​အော်​ဟစ်​သံ နှင့်​တူ​၏။

ဒံ​ယေ​လ 10