ဒံ​ယေ​လ 10:13-16 Common Language Bible (BCL)

13. ပါ​ရှ​နိုင်​ငံ​စောင့်​ကောင်း​ကင်​တ​မန်​သည် ငါ့ အား​နှစ်​ဆယ့်​တစ်​ရက်​တိုင်​တိုင်​ဆီး​တား လျက်​နေ​ခဲ့​၏။ ထို​နောက်​ကောင်း​ကင်​တ​မန် မှူး​တစ်​ဦး​ဖြစ်​သူ​မိက္ခေ​လ​သည် ပါ​ရှ​နိုင်​ငံ တွင်​ငါ​တစ်​ဦး​တည်း​ကျန်​ရှိ​လျက်​နေ သ​ဖြင့်​ငါ့​အား​လာ​ရောက်​ကူ​ညီ​ပေ သည်။-

14. ယ​ခု​ငါ​ရောက်​ရှိ​လာ​ရ​ခြင်း​အ​ကြောင်း မှာ​အ​နာ​ဂတ်​ကာ​လ​၌ သင်​၏​အ​မျိုး​သား တို့​ကြုံ​တွေ့​ကြ​ရ​မည့်​အ​ဖြစ်​အ​ပျက်​များ ကို သင့်​အား​သိ​ရှိ​နား​လည်​စေ​လို​သော ကြောင့်​ဖြစ်​သည်။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​နာ​ဂတ်​ကာ​လ​နှင့်​သက်​ဆိုင်​သည်'' ဟု ဆို​၏။

15. ထို​သူ​ဤ​သို့​ဆို​သော​အ​ခါ​ငါ​သည်​စ​ကား မ​ပြော​နိုင်​ဘဲ​မြေ​ကြီး​ကို​စိုက်​၍​ကြည့်​လျက် နေ​၏။-

16. ထို​အ​ခါ​လူ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​သည်​လက် ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​လျှင်​ငါ​သည်​မိ​မိ ၏​ရှေ့​တွင်​ရပ်​နေ​သော​သူ​အား``အ​ရှင်၊ ဤ​ဗျာ ဒိတ်​ရူ​ပါ​ရုံ​သည်​အ​ကျွန်ုပ်​အား​လွန်​စွာ​အား လျော့​စေ​သည်​ဖြစ်​၍​အ​ကျွန်ုပ်​သည်​တုန်​လှုပ် လျက်​သာ​နေ​ပါ​၏။-

ဒံ​ယေ​လ 10