1. ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။-
2. ငါသည်သင့်အားမိန့်ကြားသမျှကိုအာရုန် အားပြောရမည်။ ဣသရေလအမျိုးသား တို့ကိုအီဂျစ်ပြည်မှထွက်ခွင့်ပြုစေရန် သူ သည်ဖာရောဘုရင်အားလျှောက်ထားရမည်။-
3. သို့ရာတွင်ငါသည်ဘုရင်အားခေါင်းမာစေ သဖြင့် နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် ရာအမှုတို့ကိုငါပြသော်လည်း၊-