ထွက်​မြောက် 4:22-26 Common Language Bible (BCL)

22. ထို​အ​ခါ​၌​သင်​သည်​ဖာ​ရော​ဘု​ရင်​အား`ထာ ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ငါ​၏​သား​ဦး​ဖြစ်​၏။-

23. ငါ​၏​သား​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စေ ရန် သူ့​ကို​သွား​ခွင့်​ပြု​ရန်​အ​မိန့်​ရှိ​သော်​လည်း သင်​သည်​သွား​ခွင့်​မ​ပေး။ ထို့​ကြောင့်​ငါ​သည်​သင် ၏​သား​ဦး​ကို​သေ​စေ​မည်' ဟု​ဆင့်​ဆို​လော့'' ဟူ ၍​မိန့်​တော်​မူ​၏။

24. လမ်း​ခ​ရီး​တို့​တွင်​စ​ခန်း​ချ​ရာ​တစ်​နေ​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​တွေ့​ဆုံ​၍ သူ့​အား​အ​ဆုံး​စီ​ရင်​ရန်​ပြု​တော်​မူ​၏။-

25. ထို​အ​ခါ​သူ​၏​မ​ယား​ဇိ​ပေါ​ရ​သည်​ကျောက် စောင်း​တစ်​ခု​ကို​ယူ​၍ သား​၏​အ​ရေ​ဖျား​ကို ဖြတ်​ပြီး​လျှင်​ထို​အ​ရေ​ဖျား​ဖြင့် မော​ရှေ​၏ ခြေ​တို့​ကို​တို့​လေ​၏။ ထို​နောက်​အ​ရေ​ဖျား လှီး​ဖြတ်​ခြင်း​မင်္ဂ​လာ​ကြောင့် ဇိ​ပေါ​ရ​က``သင် သည်​ကျွန်​မ​၏​တ​ရား​ဝင်​လင်​ယောကျာ်း​ပင် ဖြစ်​၏'' ဟု​ဆို​လေ​၏။-

26. ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အ​သက်​ချမ်း​သာ​ခွင့်​ပေး​တော်​မူ​၏။

ထွက်​မြောက် 4