ထွက်​မြောက် 39:4-6 Common Language Bible (BCL)

4. သင်​တိုင်း​ကို​ချည်​ထား​ရန်​ပခုံး​သိုင်း​ကြိုး​နှစ် ချောင်း​ကို​တပ်​ထား​၏။-

5. ထာ​ဝရ​ဘုရား​က​မောရှေ​အား​မိန့်​တော်​မူ​သည့် အ​တိုင်း၊ ကျွမ်း​ကျင်​စွာ​ရက်​လုပ်​သော​ခါး​ပန်း ကို၊ အ​လား​တူ​ပစ္စည်း​နှင့်​ရက်​လုပ်​၍ သင်​တိုင်း နှင့်​တစ်​သား​တည်း​ဖြစ်​စေ​ကြ​၏။-

6. သူ​တို့​သည်​မ​ဟူ​ရာ​ကျောက်​များ​ကို​သွေး​၍ ရွှေ​ပန်း​ထည်​၌​ထည့်​ပြီး​လျှင်၊ ယာ​ကုပ်​၏ သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏​နာ​မည်​များ ကို​ကျောက်​များ​ပေါ်​တွင်​ထွင်း​ထား​လေ​သည်။-

ထွက်​မြောက် 39