33. သူတို့သည်တဲတော်မှစ၍တဲတော်နှင့်ဆိုင် သောပစ္စည်းအားလုံး၊ ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့်အောက်ခံခုံ များကိုလည်းကောင်း၊-
34. အနီရောင်ဆိုးသိုးထီးသားရေအမိုး၊ သားရေချောအမိုးကာရန်ကန့်လန့်ကာ၊-
35. ကျောက်ပြားများပါရှိသည့်ပဋိညာဉ် သေတ္တာတော်၊ ပဋိညာဉ်သေတ္တာတော်၏ ထမ်းပိုးနှင့်အဖုံးတို့ကိုလည်းကောင်း၊-
36. စားပွဲမှစ၍စားပွဲဆိုင်ရာပစ္စည်းအားလုံး နှင့် ထာဝရဘုရားအားဆက်သရန်မုန့်ကို လည်းကောင်း၊-
37. ရွှေဆီမီးတိုင်မှစ၍မီးခွက်များ၊ ဆီမီးတိုင် နှင့်ဆိုင်သောပစ္စည်းအားလုံးနှင့်မီးခွက်များ အတွက်ဆီကိုလည်းကောင်း၊-
38. ရွှေယဇ်ပလ္လင်၊ ဘိသိက်ဆီ၊ နံ့သာပေါင်းနှင့် တဲတော်တံခါးဝအတွက်ကန့်လန့်ကာ ကိုလည်းကောင်း၊-