ထွက်​မြောက် 38:7-26 Common Language Bible (BCL)

7. ထမ်း​ပိုး​များ​ကို​ပလ္လင်​နံ​ဘေး​နှစ်​ဘက်​ရှိ ကွင်း​များ​တွင်​လျှို​ထား​၏။ ပလ္လင်​ကို​ဟင်း လင်း​ဖြစ်​စေ​ရန်၊ ပျဉ်​ဖြင့်​စပ်​လုပ်​၏။

8. သူ​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​တွင် တာ​ဝန်​ကျ​သော​အ​မျိုး သ​မီး​တို့​၏​ကြေး​မုံ​များ​ဖြင့်၊ ကြေး​ဝါ အင်​တုံ​နှင့်​အောက်​ခံ​ကို​ပြု​လုပ်​၏။

9. သူ​သည်​တဲ​တော်​ကို​ကာ​ရန်​ကန့်​လန့်​ကာ​များ ကို ပိတ်​ချော​ဖြင့်​ပြု​လုပ်​၏။ တောင်​ဘက်​၌​ကာ​ရန် ကန့်​လန့်​ကာ​သည်၊ အ​လျား​ကိုက်​ငါး​ဆယ်​ရှိ​၏။-

10. ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်​တိုင်​နှစ်​ဆယ်​နှင့် တိုင်​ဖိ​နပ်​နှစ်​ဆယ်​တိုင်​ကို​ကြေး​ဝါ​ဖြင့်​လည်း ကောင်း၊ ချိတ်​များ​နှင့်​တန်း​များ​ကို​ငွေ​ဖြင့် လည်း​ကောင်း​ပြု​လုပ်​၏။-

11. မြောက်​ဘက်​ကန့်​လန့်​ကာ​သည်​လည်း၊ တောင် ဘက်​ကန့်​လန့်​ကာ​အ​တိုင်း​ပင်​ဖြစ်​၏။-

12. အ​နောက်​ဘက်​၌​ကာ​ရန်​ကန့်​လန့်​ကာ​သည်၊ အ​လျား​နှစ်​ဆယ့်​ငါး​ကိုက်​ရှိ​၍၊ တိုင်​ဆယ်​တိုင်၊ တိုင်​ဖိ​နပ်​ဆယ်​ခု၊ ချိတ်၊ တန်း​များ​ကို​ငွေ​ဖြင့် ပြု​လုပ်​၏။-

13. တံ​ခါး​ဝ​ရှိ​ရာ​တဲ​တော်​အ​ရှေ့​ဘက်​ဝင်း​သည် လည်း နှစ်​ဆယ့်​ငါး​ကိုက်​ကျယ်​၏။-

16. တဲ​တော်​ဝင်း​တစ်​လျှောက်​ရှိ​ကန့်​လန့်​ကာ အား​လုံး​ကို​ပိတ်​ချော​ဖြင့်​ပြု​လုပ်​သည်။-

17. တိုင်​ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၍၊ တိုင် ချိတ်​များ၊ တိုင်​တန်း​များ​နှင့်​တိုင်​ထိပ်​အုပ်​များ ကို​ငွေ​ဖြင့်​ပြု​လုပ်​သည်။ တိုင်​အား​လုံး​ကို​ငွေ တန်း​များ​ဖြင့်​ဆက်​ထား​၏။-

18. တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​ကို အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက်​လုပ်​၍​ပန်း​ထိုး​ထား​၏။ တဲ​တော်​ဝင်း​ကန့်​လန့်​ကာ​များ​ကဲ့​သို့​တံ​ခါး ဝ​ကန့်​လန့်​ကာ​သည်​အ​လျား​တစ်​ဆယ်​ကိုက် နှင့်​အ​မြင့်​နှစ်​ကိုက်​ခွဲ​ရှိ​၏။-

19. ထို​ကန့်​လန့်​ကာ​ကို​ကြေး​ဝါ​ဖိ​နပ်​လေး​ခု​စွပ် ထား​သော​တိုင်​လေး​တိုင်​တို့​တွင်​ချိတ်​ဆွဲ​ထား ၏။ ချိတ်​များ၊ ထိပ်​အုပ်​များ​နှင့်​တန်း​များ​ကို ငွေ​ဖြင့်​ပြု​လုပ်​၏။-

20. တဲ​တော်​နှင့်​ဝင်း​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။

21. ပ​ညတ်​တော်​ဆယ်​ပါး​ရေး​ထိုး​ထား​သော ကျောက်​ပြား​ထား​ရှိ​ရာ​တဲ​တော်​အ​တွက် အ​သုံး​ပြု​သော​သတ္တု​စာ​ရင်း​ကို​ဖော်​ပြ ပေ​အံ့။ ထို​စာ​ရင်း​မှာ​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ဦး​စီး​သော လေ​ဝိ​အ​မျိုး သား​တို့​က​မော​ရှေ​၏​အ​မိန့်​အ​ရ​ပြု​စု သော​စာ​ရင်း​ဖြစ်​၏။

22. ယု​ဒ​အ​နွယ်​ဟု​ရ​၏​မိ​သား​စု​မှ​ဥ​ရိ​၏​သား ဗေ​ဇ​လေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​မှာ​တော်​မူ​သ​မျှ​တို့​ကို​တာ​ဝန်​ယူ ဆောင်​ရွက်​လေ​၏။-

23. သူ​၏​အ​ကူ​အ​ညီ​ဖြစ်​သူ​ဒန်​၏​အ​နွယ်​ထဲ​မှ အ​ဟိ​သ​မက်​၏​သား​အ​ဟော​လျ​ဘ​သည် ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​အ​တတ်​ကို​တတ် ကျွမ်း​သူ၊ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​တို့​ကို​ရက်​တတ်​သူ​ဖြစ်​၏။

24. တဲ​တော်​အ​တွက်​လူ​တို့​လှူ​ဒါန်း​သော​ရွှေ​ချိန် စု​စု​ပေါင်း​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ နှစ်​ထောင့်​တစ်​ရာ​ကိုး​ဆယ့်​ငါး​ပေါင်​ရှိ​၏။-

25. သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​စဉ်​အ​ခါ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော ငွေ​ချိန်​မှာ​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ခု​နစ်​ထောင့်​ငါး​ရာ​ငါး​ဆယ်​ပေါင်​ရှိ​၏။-

26. ထို​ငွေ​ချိန်​သည်​သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး ချင်း​က တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​ပေး​ဆောင် သော​ငွေ​ချိန်​စု​စု​ပေါင်း​ဖြစ်​သ​တည်း။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​သန်း​ခေါင်​စာ​ရင်း​ဝင် အ​မျိုး​သား​ဦး​ရေ​မှာ ခြောက်​သိန်း​သုံး​ထောင်​ငါး ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-

ထွက်​မြောက် 38