1. သူသည်ယဇ်ပလ္လင်ကိုအကာရှသစ်သားဖြင့် ဆောက်လုပ်၏။ ထိုပလ္လင်သည်အလျားခုနစ် ပေခွဲ၊ အနံခုနစ်ပေခွဲ၊ အမြင့်လေးပေခွဲ ရှိ၏။-
2. ထောင့်လေးထောင့်ရှိဦးချိုသဏ္ဌာန်အတက်များ သည် ပလ္လင်နှင့်တစ်သားတည်းရှိ၏။ ပလ္လင်တစ်ခု လုံးကိုကြေးဝါပြားကပ်ထား၏။-
3. ပလ္လင်နှင့်ဆိုင်သည့်ပစ္စည်းများဖြစ်သောပြာနှင့် အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီးကျီးခံ အိုးတို့ကိုကြေးဝါဖြင့်ပြုလုပ်၏။-
4. ကြေးဝါဆန်ခါကို၊ ပလ္လင်အနားအောက် အမြင့်ထက်ဝက်နေရာတွင်တပ်ဆင်ထား၏။-
14-15. တဲတော်တံခါးဝတစ်ဘက်တစ်ချက်တွင်၊ အနံခုနစ်ကိုက်ခွဲရှိသောကန့်လန့်ကာနှင့် တိုင်သုံးတိုင်၊ တိုင်ဖိနပ်သုံးခုစီရှိ၏။-