30. အာရုန်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် မောရှေ၏မျက်နှာတောက်ပနေသည်ကို တွေ့မြင်ရသောအခါ၊ သူ၏အနားသို့မချဉ်း ကပ်ဝံ့ကြချေ။-
31. သို့သော်မောရှေကအာရုန်နှင့်ဣသရေလ အမျိုးသားခေါင်းဆောင်အပေါင်းတို့ကိုခေါ် သဖြင့်၊ သူတို့သည်မောရှေထံသို့ချဉ်းကပ် လာကြ၏။ မောရှေသည်လည်းသူတို့နှင့် စကားပြောလေ၏။-
32. ထိုနောက်ဣသရေလအမျိုးသားအပေါင်း တို့သည်မောရှေအနီးသို့ချဉ်းကပ်လာကြ ၏။ ထိုအခါမောရှေသည်သိနာတောင်ပေါ်၌ ထာဝရဘုရားမိန့်တော်မူသောပညတ် အားလုံးကိုသူတို့အားဆင့်ဆိုလေ၏။-
33. သူသည်ဣသရေလအမျိုးသားတို့အား စကားပြောဆိုပြီးသောအခါ၊ သူ၏ မျက်နှာကိုပဝါဖြင့်ဖုံးအုပ်ထားလေ၏။-