ထွက်​မြောက် 28:9-20 Common Language Bible (BCL)

9. မ​ဟူ​ရာ​ကျောက်​နှစ်​လုံး​ကို​ယူ​၍၊ ၎င်း​တို့​အ​ပေါ် တွင် ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏ နာ​မည်​များ​ကို​ထွင်း​ရ​မည်။-

10. တစ်​လုံး​ပေါ်​တွင်​သား​ခြောက်​ယောက်​၏​နာ​မည် များ​ကို​ကြီး​စဉ်​ငယ်​လိုက်​ထွင်း​၍၊ အ​ခြား ကျောက်​တစ်​လုံး​ပေါ်​တွင် ကျန်​သော​သား​ခြောက် ယောက်​၏​နာ​မည်​ကို​ထွင်း​ရ​မည်။-

11. ပန်း​ထိမ်​ပ​ညာ​သည်​၏​လက်​စွမ်း​ဖြင့်​ကျောက်​နှစ် လုံး​ပေါ်​တွင် ယာ​ကုပ်​သား​တို့​၏​နာ​မည်​များ​ကို ထွင်း​၍၊ ထို​ကျောက်​များ​ကို​ရွှေ​ပန်း​ထည်​၌​ထည့် ထား​ရ​မည်။-

12. ဣသ​ရေလ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ကို​သ​တိ​ရ စေ​ရန် ထို​ကျောက်​နှစ်​လုံး​ကို​သင်​တိုင်း​၏​ပ​ခုံး သိုင်း​ကြိုး​များ​ပေါ်​မှာ​တပ်​ဆင်​ရ​မည်။ ထို​နည်း အား​ဖြင့်​အာ​ရုန်​သည်​သူ​တို့​၏​နာ​မည်​များ ကို​ပ​ခုံး​ပေါ်​တွင်​ဆောင်​ထား​သ​ဖြင့် ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော် ကို​အ​စဉ်​သ​တိ​ရ​တော်​မူ​လိမ့်​မည်။-

13. ရွှေ​ပန်း​ထည်​နှစ်​ခု​ကို​ပြု​လုပ်​၍၊-

14. ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ပန်း​ထည်​များ​တွင် တပ်​ထား​ရ​မည်။

15. ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​မည်​သို့​ရှိ​သည် ကို​သိ​နိုင်​ရန် အ​သုံး​ပြု​သည့်​ရင်​ဖုံး​ကို​ယဇ် ပု​ရော​ဟိတ်​မင်း​အ​တွက်​ချုပ်​လုပ်​လော့။ ရင်​ဖုံး ကို​သင်​တိုင်း​ချုပ်​သည့်​ပစ္စည်း​များ​နှင့်​ချုပ်​လုပ် ၍​အ​လား​တူ​ပန်း​ဖော်​ထား​ရ​မည်။-

16. ရင်​ဖုံး​သည်​နှစ်​ထပ်​ခေါက်​လျက်​အ​လျား​အ​နံ ကိုး​လက်​မ​စီ​စ​တု​ရန်း​ဖြစ်​ရ​မည်။-

17. ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက်​လေး​တန်း​တပ် ဆင်​ထား​ရ​မည်။ ပ​ထ​မ​အ​တန်း​တွင်​ပတ္တ​မြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-

18. ဒု​တိ​ယ​အ​တန်း​တွင် မြ၊ နီ​လာ၊ စိန်၊-

19. တ​တိ​ယ​အ​တန်း​တွင်​ကျောက်​စိမ်း၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်၊-

20. စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​တို့ ကို​ရွှေ​ပန်း​ထည်​များ​၌​ထည့်​သွင်း​ထား​ရ​မည်။-

ထွက်​မြောက် 28