ထွက်​မြောက် 28:14-18 Common Language Bible (BCL)

14. ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ပန်း​ထည်​များ​တွင် တပ်​ထား​ရ​မည်။

15. ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​မည်​သို့​ရှိ​သည် ကို​သိ​နိုင်​ရန် အ​သုံး​ပြု​သည့်​ရင်​ဖုံး​ကို​ယဇ် ပု​ရော​ဟိတ်​မင်း​အ​တွက်​ချုပ်​လုပ်​လော့။ ရင်​ဖုံး ကို​သင်​တိုင်း​ချုပ်​သည့်​ပစ္စည်း​များ​နှင့်​ချုပ်​လုပ် ၍​အ​လား​တူ​ပန်း​ဖော်​ထား​ရ​မည်။-

16. ရင်​ဖုံး​သည်​နှစ်​ထပ်​ခေါက်​လျက်​အ​လျား​အ​နံ ကိုး​လက်​မ​စီ​စ​တု​ရန်း​ဖြစ်​ရ​မည်။-

17. ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက်​လေး​တန်း​တပ် ဆင်​ထား​ရ​မည်။ ပ​ထ​မ​အ​တန်း​တွင်​ပတ္တ​မြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-

18. ဒု​တိ​ယ​အ​တန်း​တွင် မြ၊ နီ​လာ၊ စိန်၊-

ထွက်​မြောက် 28