ထွက်​မြောက် 27:2-14-15 Common Language Bible (BCL)

10. ထို​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​တိုင်​နှစ်​ဆယ်၊ ဖိ​နပ်​နှစ်​ဆယ်​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြုလုပ်​၍​တိုင် ချိတ်၊ တိုင်​တန်း​များ​ကို​ငွေ​ဖြင့်​ပြီး​စေ​ရ​မည်။-

11. မြောက်​ဘက်​တွင်​လည်း​ထို​နည်း​အ​တိုင်း​ကန့်​လန့် ကာ​ချိတ်​ဆွဲ​ရန်​စီ​မံ​လော့။-

12. တဲ​တော်​ဝင်း​အ​နောက်​ဘက်​တွင်​နှစ်​ဆယ့်​ငါး​ကိုက် ရှည်​သော​ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်၊ တိုင်​ဆယ် တိုင်​နှင့်​ဖိ​နပ်​ဆယ်​ခု​ရှိ​စေ​ရ​မည်။-

13. တဲ​တော်​တံ​ခါး​ဝ​တည်​ရှိ​ရာ​အ​ရှေ့​ဘက်​တွင် လည်း၊ နှစ်​ဆယ့်​ငါး​ကိုက်​ရှည်​သော​အကာ​အရံ ရှိ​စေ​ရ​မည်။-

ထွက်​မြောက် 27