12. ပိုနေသည့်အထည်တစ်ဝက်ကိုတဲတော်နောက် မှာတွဲကျစေရမည်။-
13. အထည်အလျားတစ်ဘက်တစ်ချက်တွင်ပို ထွက်နေသည့်ကိုက်တစ်ဝက်ကို တဲတော်၏ ဘေးဘက်၌တွဲကျစေရမည်။
14. ``အမိုးနှစ်ထပ်ထပ်မံ၍ပြုလုပ်ရမည်။ တစ် ထပ်ကိုအနီရောင်ဆိုးသောသိုးထီးသားရေ ဖြင့်ပြုလုပ်ရမည်။ အပေါ်ဆုံးအထပ်ကို သားရေချောဖြင့်ပြုလုပ်ရမည်။
15. ``တဲတော်အတွင်းဘောင်ခွေများကို အကာရှ သစ်သားဖြင့်ပြုလုပ်ရမည်။-
16. ဘောင်ခွေများသည်အလျားတစ်ဆယ့်ငါးပေ၊ အနံနှစ်ဆယ့်ခုနစ်လက်မစီရှိ၍၊-
17. ဘောင်ခွေချင်းဆက်စပ်ထားရန်စရွေးဖော်ထား ရမည်။ တဲတော်အတွက်ဘောင်ခွေအားလုံးတွင် စရွေးဖော်ထားရမည်။-
18. တဲတော်တောင်ဘက်အတွက်ဘောင်ခွေနှစ်ဆယ် ကိုပြုလုပ်ရမည်။-