ထွက်​မြောက် 25:18-19-26 Common Language Bible (BCL)

2. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​အား လှူ​ဖွယ်​ပစ္စည်း​တို့​ကို​ဆက်​သ​ရ​မည်​ဟူ​၍ ပြော​ကြား​လော့။ သင်​သည်​အ​မျိုး​သား​တိုင်း ထံ​မှ​စေ​တ​နာ​အ​လျောက် ပေး​လှူ​သ​မျှ ပစ္စည်း​တို့​ကို​လက်​ခံ​ရ​မည်။-

3. သင်​လက်​ခံ​ရ​မည့်​လှူ​ဖွယ်​ပစ္စည်း​များ​သည် ကား ရွှေ၊ ငွေ၊ ကြေး​ဝါ၊-

4. ပိတ်​ချော၊ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ဆိတ်​မွေး​အ​ထည်၊-

5. အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ​ချော၊ အ​ကာ​ရှ​သစ်​သား၊-

6. မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​သွန်း​ရန်​ဆီ​နှင့်​မီး​ရှို့ ရာ​နံ့​သာ​ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်၊-

7. ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း နှင့်​ရင်​ဖုံး​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့် အ​ခြား​သော​ကျောက်​မျက်​ရ​တ​နာ​များ ဖြစ်​၏။-

8. ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။-

9. တဲ​တော်​နှင့်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​တို့​ကို ငါ​ပြ​မည့်​ပုံ​စံ​အ​တိုင်း​ပြု​လုပ်​ရ​မည်။

18-19. အ​ဖုံး​အ​စွန်း​တစ်​ဘက်​စီ​တွင်​ရွှေ​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ရွှေ​စင်​ဖြင့်​ထု​လုပ်​ရ​မည်။ ထို​ခေ​ရု ဗိမ်​ရုပ်​တု​များ​သည် အ​ဖုံး​နှင့်​တစ်​သား​တည်း ရှိ​စေ​ရ​မည်။-

20. ခေ​ရု​ဗိမ်​များ​၏​ဖြန့်​ထား​သော​အ​တောင်​များ သည် သေတ္တာ​အ​ဖုံး​ကို​ဖြန့်​မိုး​ထား​စေ​ရ​မည်။ သူ​တို့​သည်​မျက်​နှာ​ချင်း​ဆိုင်​၍​သေတ္တာ​ဖုံး​ကို ကြည့်​နေ​စေ​ရ​မည်။-

21. သေတ္တာ​ထဲ​တွင်​ကျောက်​ပြား​နှစ်​ပြား​ကို​ထည့်​၍ သေတ္တာ​ဖုံး​ဖြင့်​ဖုံး​အုပ်​ထား​ရ​မည်။-

22. ထို​နေ​ရာ​၌​ငါ​သည်​သင်​တို့​နှင့်​တွေ့​ဆုံ​မည်။ ငါ သည်​ခေ​ရု​ဗိမ်​နှစ်​ပါး​အ​ကြား​အ​ဖုံး​ပေါ်​မှ​နေ တော်​မူ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရန်​ရှိ​သ​မျှ​ကို​သင့်​အား​ငါ​မြွက် ဆို​မည်။

23. ``အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ် လက်​မ​ရှိ​သော​စား​ပွဲ​တစ်​လုံး​ကို​အကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-

24. စား​ပွဲ​ကို​ရွှေ​ချ​၍​အ​နား​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-

25. စား​ပွဲ​ပတ်​လည်​တွင်​သုံး​လက်​မ​ဗြက်​ရှိ​သော ဘောင်​တပ်​၍​အ​နား​ကို​ရွှေ​ကွပ်​ရ​မည်။-

26. စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ်​ယူ ရန် ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​ရ​မည်။-

ထွက်​မြောက် 25