ထွက်​မြောက် 21:28-31 Common Language Bible (BCL)

28. ``နွား​တစ်​ကောင်​သည်​လူ​တစ်​ယောက်​ကို​ဦး​ချို​ဖြင့် ဝှေ့​သတ်​လျှင် ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ မည်။ ထို​နွား​၏​အ​သား​ကို​မ​စား​ရ။ သို့​ရာ​တွင် နွား​ပိုင်​ရှင်​ကို​အ​ပြစ်​ဒဏ်​မ​ပေး​ရ။-

29. အ​ကယ်​၍​နွား​သည်​လူ​ကို​ဝှေ့​တတ်​ကြောင်း နွား ပိုင်​ရှင်​အား​သ​တိ​ပေး​ပါ​လျက်​နှင့်​ချည်​နှောင် ၍​မ​ထား​သော​ကြောင့် လူ​တစ်​ယောက်​ကို​ဝှေ့ သတ်​ခဲ့​လျှင်​ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍ သတ်​ရ​မည်။ နွား​ရှင်​ကို​လည်း​သေ​ဒဏ်​ပေး​ရ မည်။-

30. အ​ကယ်​၍​နွား​ပိုင်​ရှင်​သည်​မိ​မိ​အ​သက် ချမ်း​သာ​ရန်​အ​တွက်​လျော်​ကြေး​ပေး​ခွင့် ရ​လျှင် တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို​ပေး ဆောင်​ရ​မည်။-

31. နွား​သည်​ယောကျာ်း​က​လေး​သို့​မ​ဟုတ်​မိန်း က​လေး​တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် ထို​နည်း အ​တိုင်း​စီ​ရင်​ရ​မည်။-

ထွက်​မြောက် 21