ထွက်​မြောက် 21:12-17 Common Language Bible (BCL)

12. ``လူ​တစ်​ယောက်​ကို​ရိုက်​နှက်​၍ သေ​စေ​သူ​အား သေ​ဒဏ်​ခံ​စေ​ရ​မည်။-

13. သေ​စေ​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့်​မ​တော်​တ​ဆ သတ်​မိ​လျှင် သတ်​သော​သူ​သည်​ငါ​သတ်​မှတ် ပေး​မည့်​လုံ​ခြုံ​ရာ​အ​ရပ်​သို့​ရှောင်​တိမ်း​နေ နိုင်​၏။-

14. သို့​ရာ​တွင်​ဒေါ​သ​ထွက်​၍​သေ​စေ​ရန်​ရည်​ရွယ် ချက်​ဖြင့် လူ​တစ်​ယောက်​ကို​သတ်​သော​သူ​သည်၊ ငါ​၏​ယဇ်​ပလ္လင်​၌​ပင်​ခို​လှုံ​နေ​စေ​ကာ​မူ သူ့​အား​ဆွဲ​ထုတ်​၍​သေ​ဒဏ်​ခံ​စေ​ရ​မည်။

15. ``မိ​ဘ​ကို​ရိုက်​နှက်​သော​သူ​အား သေ​ဒဏ် ခံ​စေ​ရ​မည်။

16. ``လူ​တစ်​ယောက်​ကို​ရောင်း​စား​ရန်​ဖြစ်​စေ၊ မိ​မိ ထံ​၌​ကျွန်​စေ​စား​ရန်​ဖြစ်​စေ​အ​ဋ္ဌမ္မ​ဖမ်း​ဆီး သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။

17. ``မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​ခံ စေ​ရ​မည်။

ထွက်​မြောက် 21