26. ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
27. ထိုနောက်သူတို့သည် စမ်းရေတွင်းတစ်ဆယ့် နှစ်တွင်းနှင့်စွန်ပလွံပင်ခုနစ်ဆယ်ရှိရာ ဧလိမ်အရပ်သို့ရောက်ရှိလာကြ၍ရေ ရှိရာအနီးတွင်စခန်းချကြ၏။