27. သို့ဖြစ်၍မောရှေသည်ပင်လယ်ပေါ်သို့လက် ကိုဆန့်သဖြင့် နံနက်မိုးလင်းသည့်အခါရေ သည်ပုံမှန်အတိုင်းပြန်လည်စီးလေ၏။ ရေ ပြန်တက်လာစဉ်အီဂျစ်အမျိုးသားတို့သည် ထွက်ပြေးကြသော်လည်း ထာဝရဘုရား သည်သူတို့အားပင်လယ်ထဲ၌နစ်မြုပ်စေ တော်မူ၏။-
28. ရေသည်ပုံမှန်အတိုင်းပြန်စီးသဖြင့်ပင် လယ်ထဲသို့ဆင်းလိုက်လာကြသောရထား တပ်၊ မြင်းတပ်နှင့်အီဂျစ်ဘုရင်၏တပ်အား လုံးတို့သည်တစ်ယောက်မျှမကျန်ရေနစ်၍ သေကုန်ကြ၏။-
29. ဣသရေလအမျိုးသားတို့မူကား တစ်ဘက် တစ်ချက်ရှိရေတံတိုင်းနှစ်ခုအကြားခြောက် သွေ့သောမြေပေါ်မှာ လျှောက်၍ပင်လယ်ကို ဖြတ်ကူးခဲ့ရကြလေ၏။