တ​ရား​ဟော 4:23-24-30 Common Language Bible (BCL)

3. ပေ​ဂု​ရ​တောင်​တွင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ ကြ​ပြီ။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​သူ​မှန်​သ​မျှ အား​သေ​ကြေ​ပျက်​စီး​စေ​၍၊-

4. ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ် သော​သင်​တို့​ကို​မူ ယ​နေ့​တိုင်​အောင်​အ​သက် ရှင်​စေ​တော်​မူ​၏။''

5. ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ပ​ညတ် တော်​အား​လုံး​ကို​သင်​တို့​အား​သွန်​သင်​ခဲ့ ပြီ။ သင်​တို့​တိုက်​ခိုက်​၍​သိမ်း​ပိုက်​နေ​ထိုင်​မည့် ပြည်​တွင် ထို​ပညတ်​တော်​တို့​ကို​လိုက်​နာ​ကြ လော့။-

6. သင်​တို့​သည်​ထို​ပညတ်​တော်​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ကြ​လျှင် အ​ခြား သော​လူ​မျိုး​များ​ရှေ့​တွင်​သင်​တို့​၏၊ ဉာဏ်​ပညာ ပေါ်​လွင်​ထင်​ရှား​လိမ့်​မည်။ သူ​တို့​သည်​ထို ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ကြား​ရ​သော​အ​ခါ `ဤ​လူ​မျိုး​သည်​ဉာဏ်​ပညာ​အ​မြော်​အ​မြင် နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ကြီး​ဖြစ်​ပါ​သည် တ​ကား' ဟု​ချီး​ကူး​ကြ​လိမ့်​မည်။''

7. ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ငါ​တို့​အ​ကူ​အ​ညီ​လို​သည့်​အ​ခါ​တိုင်း ငါ​တို့​အ​နား​တွင်​ရှိ​တော်​မူ​၏။ ဤ​ကဲ့​သို့ သော​ဘု​ရား​ကို​ကိုး​ကွယ်​သည့်​လူ​မျိုး​ကြီး ရှိ​သေး​သ​လော။-

8. ယ​နေ့​သင်​တို့​အား​ငါ​သွန်​သင်​သော​ပညတ် တော်​များ​ကဲ့​သို့ တ​ရား​မျှ​တ​သော​ပ​ညတ် များ​ကို​ရ​သော​လူ​မျိုး​ကြီး​ရှိ​သေး သ​လော။-

9. သင်​တို့​သည်​သ​တိ​ရှိ​ကြ​လော့။ သင်​တို့​ကိုယ် တိုင်​မြင်​ခဲ့​သ​မျှ​တို့​ကို တစ်​သက်​လုံး​မ​မေ့ စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

23-24. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို​မ​မေ့ ရန်​သတိ​ပြု​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မီး​လျှံ​နှင့်​တူ​သော ဘု​ရား၊ ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​သော ဘု​ရား​ဖြစ်​သော​ကြောင့် ကိုး​ကွယ်​ရန်​အ​တွက် မည်​သည့်​ရုပ်​တု​ကို​မျှ​မ​ထု​လုပ်​နှင့်​ဟူ​သော ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​လော့။''

25. ``သင်​တို့​သည်​ထို​ပြည်​တွင်​ကြာ​မြင့်​စွာ​နေ​ထိုင်​၍ သား​မြေး​များ​ရ​သည်​အ​ထိ​ပင်​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​မ​ပြစ်​မှား​မိ​စေ​ရန်​ရုပ်​တု​ကို​ထု လုပ်​၍​မ​ကိုး​ကွယ်​နှင့်။ ရုပ်​တု​ထု​လုပ်​ကိုး​ကွယ် ခြင်း​သည်​မှား​ယွင်း​မှု​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ ဘု​ရား​အား​အ​မျက်​ထွက်​စေ​တော်​မူ​လိမ့်​မည်။-

26. ထို​သို့​မှား​ယွင်း​လျှင်​သင်​တို့​အ​မျိုး​သည် ထို ပြည်​မှ​မ​ကြာ​မီ​တိမ်​ကော​ပျောက်​ကွယ်​ရ လိမ့်​မည်​ဟု ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​၏။ သင်​တို့ သည်​ယော်ဒန်​မြစ်​ကို​ကူး​၍​သိမ်း​ပိုက်​မည့်​ပြည် တွင် ကြာ​ရှည်​စွာ​မ​နေ​ထိုင်​ရ​ဘဲ​တစ်​မျိုး လုံး​ပျက်​စီး​ပျောက်​ကွယ်​သွား​လိမ့်​မည်။-

27. ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​နိုင်​ငံ​အ​နှံ့ အ​ပြား​တွင်​ကွဲ​လွင့်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထို​နိုင်​ငံ​တွင် သင်​တို့​၏​လူ​ဦး​ရေ​အ​နည်း ငယ်​မျှ​သာ​ကျန်​ကြွင်း​လိမ့်​မည်။-

28. ထို​အ​ခါ​သင်​တို့​သည်​လူ့​လက်​ဖြင့်​လုပ်​၍ မ​မြင် နိုင်၊ မ​ကြား​နိုင်၊ မ​စား​နိုင်၊ အ​နံ့​မ​ခံ​နိုင်​သော သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။-

29. သို့​ရာ​တွင်​သင်​တို့​သည် ထို​နိုင်​ငံ​များ​၌​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​စွမ်း ရှိ​သ​မျှ​နှင့်​ရှာ​လျှင်​တွေ့​လိမ့်​မည်။-

30. သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဖော်​ပြ​ခဲ့ သော​အ​ခြေ​အ​နေ​သို့​ဆိုက်​ရောက်​လာ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ဆည်း​ကပ်​၍ အ​မိန့်​တော်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-

တ​ရား​ဟော 4