တ​ရား​ဟော 34:6-10 Common Language Bible (BCL)

6. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ဘ​ပြည်၊ ဗက်​ပေ ဂု​ရ​မြို့​တစ်​ဘက်​ရှိ​ချိုင့်​ဝှမ်း​၌ မော​ရှေ​၏ အ​လောင်း​ကို​သင်္ဂြိုဟ်​တော်​မူ​၏။ သို့​ရာ​တွင် ယ​နေ့​တိုင်​အောင်​မော​ရှေ​၏​သင်္ချိုင်း​နေ​ရာ အ​တိ​အ​ကျ​ကို​မည်​သူ​မျှ​မ​သိ​ရ​ချေ။-

7. မော​ရှေ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​တွင် အ​နိစ္စ​ရောက်​၏။ မော​ရှေ​အ​နိစ္စ​ရောက်​ချိန် တွင်​မျက်​စိ​မ​မှုန်​သေး။ အင်​အား​လည်း မ​လျော့​သေး။-

8. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မော​ဘ​လွင် ပြင်​တွင် ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​မော​ရှေ ကွယ်​လွန်​သည့်​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​၏။

9. မော​ရှေ​သည်​နုန်​၏​သား​ယော​ရှု​အ​ပေါ်​လက် တင်​၍ မိ​မိ​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန်​ခန့် အပ်​ခဲ့​သည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ပညာ​ဉာဏ် နှင့်​ပြည့်​စုံ​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ယော​ရှု​၏​စ​ကား​ကို​နား​ထောင်​၍ မော​ရှေ​ဆင့်​ဆို​သော​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​ကြ​လေ​သည်။

10. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မော​ရှေ​ကဲ့ သို့​သော​ပ​ရော​ဖက်​မ​ပေါ်​ထွန်း​တော့​ချေ။ သူ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တိုင်​ကိုယ် ကြပ်​သိ​ကျွမ်း​သူ​ဖြစ်​သည်။-

တ​ရား​ဟော 34