တ​ရား​ဟော 32:23-26 Common Language Bible (BCL)

23. `` `ငါ​သည်​သူ​တို့​အား​ဘေး​ဒဏ်​များ​ကို အ​ဆက်​မ​ပြတ်​တွေ့​ကြုံ​စေ​မည်။ငါ​၏​မြား​ကုန်​စင်​အောင်​သူ​တို့​ကို​ပစ်​ခွင်း​မည်။

24. သူ​တို့​သည်​ငတ်​မွတ်၊ဖျား​နာ​၍​သေ​ကြ​လိမ့်​မည်။ကြောက်​မက်​ဖွယ်​သော​ရော​ဂါ​များ​ဖြင့် သေ​ဆုံး​ကြ​လိမ့်​မည်။သား​ရဲ​တိ​ရစ္ဆာန်​တို့​သည်​သူ​တို့​ကို ကိုက်​ဖြတ်​လိမ့်​မည်။မြွေ​ဆိုး​တို့​သည်​သူ​တို့​ကို​ကိုက်​လိမ့်​မည်။

25. စစ်​ဘေး​ကြောင့်​လူ​တို့​သည်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ကြ​လိမ့်​မည်။နေ​အိမ်​များ​တွင်​ကြောက်​မက်​ဖွယ်​ရာ​ဘေး​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ယောကျာ်း​ပျို​နှင့်​မိန်း​မ​ပျို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။နို့​စို့​က​လေး​နှင့်​အ​ဖိုး​အို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။

26. ငါ​သည်​သူ​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်​ဟု​အ​ကြံ​ရှိ​၏။

တ​ရား​ဟော 32