တ​ရား​ဟော 31:22-26 Common Language Bible (BCL)

22. ထို​နေ့​တွင်​မော​ရှေ​သည်​ထို​သီ​ချင်း​ကို​ရေး သား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပေး​လေ​သည်။

23. ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​နုန်​၏​သား​ယော​ရှု အား``အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ခေါင်း​ဆောင်​လျက် ငါ​ကတိ​ထား​သော​ပြည်​သို့​ဝင်​ရောက်​ရ​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု​မိန့်​တော် မူ​၏။

24. မော​ရှေ​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ရေး​သား​ထား​၏။-

25. ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ထိန်း​သိမ်း​ရ​သော လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​တို့​အား၊-

26. ``ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကျမ်း စာ​အုပ်​ကို​ယူ​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​အ​နီး တွင်​ထား​လော့။ ထို​ကျမ်း​စာ​အုပ်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​တစ်​ဘက်​၌​သက်​သေ အ​ဖြစ် ထို​နေ​ရာ​၌​ရှိ​နေ​စေ​ရ​မည်။-

တ​ရား​ဟော 31