20. ငါသည်သူတို့၏ဘိုးဘေးတို့အားကတိထား သည့်အတိုင်း သူတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့ပို့ဆောင်မည်။ ထိုပြည်တွင်သူ တို့သည်အစားအစာကိုဝစွာစားရ၍ အေး ချမ်းသာယာစွာနေထိုင်ကြလိမ့်မည်။ သို့ရာ တွင်သူတို့သည်ဖောက်ပြန်၍ အခြားသော ဘုရားများကိုကိုးကွယ်ကြလိမ့်မည်။ သူ တို့သည်ငါ့ကိုစွန့်ပစ်၍ငါ၏ပဋိညာဉ် ကိုချိုးဖောက်သဖြင့်၊-
21. ကြောက်မက်ဖွယ်သောဘေးဒဏ်များစွာနှင့် တွေ့ကြုံရလိမ့်မည်။ သို့ရာတွင်သူတို့တစ် ဘက်၌သက်သေဖြစ်စေရန် ဤသီချင်းကို သီဆိုရမည်။ ငါပေးမည်ဟုကတိထား သောပြည်သို့ငါမခေါ်ဆောင်မီပင် ယခု သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏'' ဟုမိန့်တော်မူ၏။
22. ထိုနေ့တွင်မောရှေသည်ထိုသီချင်းကိုရေး သား၍ ဣသရေလအမျိုးသားတို့အား သင်ပေးလေသည်။
23. ထို့နောက်ထာဝရဘုရားသည်နုန်၏သားယောရှု အား``အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည် ဣသရေလအမျိုးသားတို့ကိုခေါင်းဆောင်လျက် ငါကတိထားသောပြည်သို့ဝင်ရောက်ရမည်။ ငါသည်သင်နှင့်အတူရှိမည်'' ဟုမိန့်တော် မူ၏။
24. မောရှေသည် ဘုရားသခင်၏ပညတ်တရား တော်ကိုအကုန်အစင်ရေးသားထား၏။-