1. ``ငါသည်ယခုသင်တို့အားမင်္ဂလာနှင့်အမင်္ဂ လာကိုရွေးချယ်စေပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အပြည်ပြည်သို့နှင်ထုတ်၍ထိုပြည်များ တွင်နေထိုင်ကြသောအခါ သင်တို့သည် ငါယခုမှာကြားသမျှတို့ကိုသတိရ ပြီးလျှင်၊-
2. သင်နှင့်သင်တို့၏အဆက်အနွယ်များသည် ထာဝရဘုရားထံတော်သို့ပြန်လာ၍ သင် တို့အားငါယနေ့ပေးသောပညတ်များကို စိတ်နှလုံးအကြွင်းမဲ့နာခံစောင့်ထိန်း ကြပါက၊-
3. သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားသနားကရုဏာရှိတော် မူလိမ့်မည်။ ထို့အပြင်အပြည်ပြည်သို့ ရောက်ရှိနေထိုင်ရာမှ သင်တို့ကိုပြန်လည် ခေါ်ဆောင်တော်မူလိမ့်မည်။ သင်တို့၏ စီးပွားရေးကိုလည်း တစ်ဖန်တိုးတက် စေတော်မူလိမ့်မည်။-