17. `` `ဣသရေလအမျိုးသားချင်း၏မြေမှတ် တိုင်ကိုရွှေ့သောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
18. `` `မျက်မမြင်တစ်ဦးအားလမ်းလွဲစေသူ သည် ဘုရားသခင်၏ကျိန်ခြင်းကို ခံစေ သတည်း' ဟုကျိန်ဆိုသောအခါ၊``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
19. `` `လူမျိုးခြားများ၊ မိဘမဲ့ကလေးများ နှင့်မုဆိုးမများရထိုက်သောအခွင့်အရေး ကိုဆုံးရှုံးစေသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ။``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
20. `` `ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်၍ ဖခင်အားအရှက်ခွဲသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံ ရကြမည်။
21. `` `တိရစ္ဆာန်နှင့်ကာမစပ်ယှက်သောသူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ၊``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရ ကြမည်။