9. သူ့မရီးသည်မြို့အကြီးအကဲတို့ရှေ့တွင် ထို သူ၏ဖိနပ်တစ်ဖက်ကိုချွတ်၍သူ့မျက်နှာ ကိုတံတွေးထွေးလျက်`အစ်ကို၏မျိုးဆက်ကို မပွားစေလိုသူအား ဤသို့ပြုသင့်သည်' ဟု ဆိုရမည်။-
10. ဣသရေလလူမျိုးတွင် ထိုသူ၏မိသားစု ကို`ဖိနပ်အချွတ်ခံရသူ၏မိသားစု' ဟူ၍ ခေါ်တွင်စေရမည်။
11. ``အကယ်၍လူနှစ်ဦးခိုက်ရန်ဖြစ်နေစဉ် တစ် ဦး၏မယားသည် မိမိ၏လင်ယောကျာ်းဘက် မှကူညီ၍ အခြားယောကျာ်း၏တန်ဆာကို ကိုင်ဆွဲလျှင်၊-
12. ထိုမိန်းမ၏လက်ကို ဖြတ်ပစ်ရမည်။ သူ့ကို မသနားမညှာတာရ။-
15. သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် သင်တို့ အသက်ရှည်စွာနေထိုင်နိုင်ရန်မှန်ကန် တိကျသော အလေး၊ တင်း၊ တောင်းများကို အသုံးပြုကြလော့။-
16. ထာဝရဘုရားသည် လိမ်လည်လှည့်ဖြား သောသူများကိုရွံရှာတော်မူ၏။
17. ``အီဂျစ်ပြည်မှသင်တို့ထွက်လာစဉ်က သင် တို့အားအာမလက်အမျိုးသားတို့မည်ကဲ့ သို့ရန်မူခဲ့ပုံကိုသတိရကြလော့။-