15. မိန်းမ၏မိဘတို့ကသူတို့၏သမီးသည် အပျိုဖြစ်ကြောင်းသက်သေအထောက်အထား ကိုယူဆောင်၍ မြို့အကြီးအကဲထံသို့သွား ရောက်ရကြမည်။-
16. ထိုမိန်းမ၏ဖခင်က`အကျွန်ုပ်၏သမီးကို ဤသူနှင့်လက်ထပ်ပေးစားခဲ့ရာ သူသည် ယခုသမီးကိုစွန့်လိုပါသည်။-
17. သူကအကျွန်ုပ်၏သမီးသည်အပျိုမဟုတ် ဟူ၍မတရားစွပ်စွဲပါသည်။ သို့ရာတွင် အကျွန်ုပ်၏သမီးသည် အပျိုဖြစ်ကြောင်း သက်သေအထောက်အထားအဖြစ်သွေးစွန်း နေသောမင်္ဂလာဆောင်အခင်းကိုတင်ပြပါ သည်' ဟုအကြီးအကဲတို့အားလျှောက် ဆိုရမည်။-
18. ထိုအခါမြို့အကြီးအကဲတို့ကလင် ယောကျာ်းကိုရိုက်၍ဆုံးမရမည်။-
19. ထိုသူသည်ဣသရေလအမျိုးသမီးတစ် ဦးအားအသရေဖျက်သဖြင့် ငွေသားတစ် ရာကိုဒဏ်ဆောင်စေရမည်။ ထိုဒဏ်ငွေကို မိန်းမ၏ဖခင်အားပေးရမည်။ ထို့အပြင်သူ သည်မိန်းမကိုသူ၏မယားအဖြစ်ဆက် လက်ပေါင်းသင်းစေရမည်။ သူအသက်ရှင် နေသမျှကာလပတ်လုံး ထိုမိန်းမကို မကွာရှင်းစေရ။